DVB Logo
Home
မြန်မာသတင်း
အင်းဒင်ကိစ္စ တပ်မတော်က အရေးယူမည့်အပေါ် နိုင်ငံအတွက် ခြေလှမ်းသစ်ဟု အတိုင်ပင်ခံပြော
DVB
·
January 13, 2018
အင်းဒင်ကိစ္စ တပ်မတော်က အရေးယူမည့်အပေါ် နိုင်ငံအတွက် ခြေလှမ်းသစ်ဟု အတိုင်ပင်ခံပြော
Donate to DVB

မောင်တောမြို့နယ်၊ အင်းဒင်ရွာမှာဖြစ်ခဲ့တဲ့ သတ်ဖြတ်မှုကို တပ်မတော်က စိစစ်အရေးယူမယ်ဆိုတာ နိုင်ငံအတွက် ခြေလှမ်းသစ်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မနေ့က ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

“သတ်ဖြတ်မှုတွေဖြစ်ခဲ့လို့ အခု တပ်မတော်ကနေပြီးတော့ စိစစ်ပြီးတော့ အရေးယူမယ်ဆိုတာ ကျမတို့ရဲ့ နိုင်ငံအတွက်က ခြေလှမ်းအသစ်တခုကို ရှေ့လှမ်းတာလို့ပဲ ဒီလိုပဲမြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံးကျရင် နိုင်ငံတနိုင်ငံဟာ ကိုယ့်နိုင်ငံ အတွင်းမှာရှိတဲ့ တရားဥပဒေ စိုးမိုးရေးကို ကိုယ့်ဘာသာ တာဝန်ယူ ရမှာဖြစ်ပါတယ်။ အဲဒီတော့ ဒီဟာက ကိုယ့်ဟာကိုယ် တာဝန်ယူတဲ့နေရာမှာ၊ တာဝန်ယူတဲ့ လမ်းကြောင်းပေါ်မှာ စပြီး လှမ်းတယ်ဆိုတာ အပေါင်းလက္ခဏာနဲ့ မြင်ဖို့ဖြစ်ပါတယ်။ ဒါဟာလည်း ကြောက်သွားမလားဆိုတော့ ကြောက်တဲ့ လူတွေကလည်း ကြောက်သွားနိုင်ပါတယ်။ ဒါပေမယ့် အခုဖြစ်တဲ့ကိစ္စမဟုတ်ပါဘူး။ အရင်တုန်းကဖြစ်တဲ့ ကိစ္စကို ပြန်ပြီးတော့ စုံစမ်းတာပါ” လို့ ပြောပါတယ်။

ဒီလို စုံစမ်းတာဟာ နောင်မှာ ဒီလို ကိစ္စတွေ မဖြစ်အောင် အဟန့်အတားတခု ဖြစ်လာမယ်လို့ ယုံကြည်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောပါတယ်။

မောင်တောမြို့နယ်၊ အင်းဒင်ရွာက သုဿာန်မှာ အမည်မသိအလောင်း ၁၀ လောင်း တွေ့ရှိတယ်လို့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့တာပါ။

ဒီကိစ္စမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်ခဲ့မှု ရှိ/မရှိ စစ်ဆေးဖို့  ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးစီးတဲ့ အဖွဲ့ဝင် ၅ ယောက်ပါ စုံစမ်းစစ်ဆေးရေးအဖွဲ့က သွားရောက် စစ်ဆေးခဲ့ပါတယ်။

ပြီးတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတချို့က သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တာ ဖြစ်ပြီး အရေးယူဆောင်ရွက်သွားမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013