DVB Logo
Home
မြန်မာသတင်း
ကောင်းမှုလုံစေတီတော်ကို သမ္မတဦးထင်ကျော်နှင့်ဇနီး သွားရောက်ဖူးမြော်
DVB
·
January 13, 2018
ကောင်းမှုလုံစေတီတော်ကို သမ္မတဦးထင်ကျော်နှင့်ဇနီး သွားရောက်ဖူးမြော်
Donate to DVB

နိုင်ငံတော်သမ္မတ ဦးထင်ကျော် နဲ့ ဇနီး ဒေါ်စုစုလွင်တို့ဟာ ကချင်ပြည်နယ် မချမ်းဘောမြို့နယ်ရှိ ကောင်းမှုလုံစေတီတော်ကို မနေ့က သွားရောက် ဖူးမြော်ကြည်ညိုခဲ့ကြပါတယ်။

သမ္မတနဲ့ဇနီးတို့ဟာ မနေ့မနက်ပိုင်းက တပ်မတော်အထူးလေယာဉ်နဲ့ ကချင်ပြည်နယ် ပူတာအိုမြိုကို ရောက်ရှိခဲ့ပြီး မချမ်းဘောကို သွားရောက်ခဲ့ကြတာပါ။

မချမ်းဘောမြို့နယ် မလိခမြစ်ကမ်းနဖူးရှိ ဂူဘားဧည့်ရိပ်သာအား ကြည့်ရှုကာ ကောင်းမှုလုံကျေးရွာ အနီးရှိ ကောင်းမှုလုံစေတီတော်ကို သွားရောက် ဖူးမြှော်ကြည်ညိုပြီး အလှူငွေ ပေးအပ်လှူဒါန်းခဲ့တယ်လို့ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ကောင်းမှုလုံ (ရွှေဆတ်မင်း) စေတီတော်ကို သာသနာသက္ကရာဇ် ၂၄၄ ခုနှစ်မှာ သီရိဓမ္မာသောကမင်း စေလွှတ်တဲ့ သာသနာပြုရဟန်း ၃ ပါးက မြတ်စွာဘုရားရဲ့ ဓာတ်တော် ၃ ဆူကို ဌာပနာသွင်းပြီး ဉာဏ်တော် အမြင့် ၇ တောင်နဲ့ စတင်တည်ထားခဲ့ပြီး နှစ်ပေါင်း ၂၃၀၀ ကျော် သက်တမ်းရှိပြီ ဖြစ်ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013