DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့အနောက်တောင်ဘက်တွင် အင်အား ၄ ဒသမ ၈ အဆင့်ရှိ ငလျင် ထပ်မံလှုပ်ခတ်
DVB
·
January 13, 2018
ဖြူးမြို့အနောက်တောင်ဘက်တွင် အင်အား ၄ ဒသမ ၈ အဆင့်ရှိ ငလျင် ထပ်မံလှုပ်ခတ်
Donate to DVB

ဇန်န၀ါရီ ၁၂ ရက်နေ့ ည ၁၀ နာရီလောက်က ဖြူးမြို့ အနောက်တောင်ဘက် ၂၁ မိုင်လောက်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၈ အဆင့်ရှိ အင်အား နည်ငယ်ရှိသော မြေငလျင်တခု ထပ်မံလှုပ်ခတ်သွားကြောင်း မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

ဖြူးမြို့ အနောက်တောင်ဘက်မှာ ဇန်န၀ါရီ ၁၂ ရက်နေ့ မနက်အစောပိုင်းက အင်အားရစ်(ခ်ျ)တာ စကေး ၆ ဒသမ ၀ အဆင့်ရှိ မြေငလျင် ၁ ကြိမ်၊ ၅ ဒသမ ၃ အဆင့် ၃ ကြိမ်နဲ့ ၄ ဒသမ ၇ အဆင့်ရှိ ၁ ကြိမ်၊ မနက် ၁၀ နာရီကျော်မှာ ၄ ဒသမ ၆ အဆင့် ၁ ကြိမ်နဲ့ ဟုမ္မလင်းအနီးမှာ နေ့လယ် ၂ နာရီလောက်က ၄ ဒသမ ၃ အဆင့်ရှိ  မြေငလျင်တကြိမ် အသီးသီး လှုပ်ခတ်ခဲ့ပါတယ်။

ပဲခူးတိုင်း ဖြူးမြို့နားတ၀ိုက် လေးငါးခြောက်ကြိမ် လှုပ်နေတဲ့  ငလျင်ပြတ်ရွေ့ကြောဟာ အခုမှ ပေါ်လာတဲ့ ငလျင်ကြောအသစ်ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ နာယက ဒေါ်လှလှအောင်က ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013