DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ပြေးသူများ ပြန်လည်လက်ခံရေး စခန်း ၃ ခု တည်ဆောက်နေ
DVB
·
January 13, 2018
ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ပြေးသူများ ပြန်လည်လက်ခံရေး စခန်း ၃ ခု တည်ဆောက်နေ
Donate to DVB

ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည်လက်ခံမယ့် စခန်း ၃ ခု တည်ဆောက်နေတယ်လို့ အစိုးရ သတင်းပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပြန်လည်လက်ခံရေးစခန်းများအဖြစ် တောင်ပြိုလက်ဝဲ၊ ငါးခူရနဲ့ လှဖိုးခေါင် ကြားစခန်းတို့ကို တည်ဆောက်နေတယ်လို့သတင်းမှာဖော်ပြထားပြီး လှဖိုးခေါင် ဆိုတဲ့ ကြားစခန်းတခု တိုးချဲ့တည်ဆောက်လာတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးပြည်ထောင်စုစီမံကိန်း (UEHRD) က ဦးဆောင်ပြီး  ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာပါ။

ပြန်လည်စိစစ်လက်ခံရေးစခန်း ၃ ခု ဖွင့်လှစ်ပြီး တိုင်းရင်းသားတွေ၊ ဟိန္ဒူဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေကို ပြန်လည်နေရာချထားနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်နေ တယ်လို့လည်း ဆိုပါတယ်။

ဟိန္ဒူဘာသာဝင်တွေကို ပြန်လည်နေရာချထားနိုင်ဖို့ အိုးထိန်း၊ မြို့မအရှေ့၊ ကြိမ်ချောင်း၊ တောင်ပြို၊ မြို့မိချောင်း၊ ရွှေဇား၊ မြို့ဦးနှင့် လေးမိုင်တို့မှာ  လူနေအိမ်တွေ ဆောက်လုပ်နေပါတယ်။

ဒေသခံတိုင်းရင်းသားတွေအတွက် သစ်တုံးနားခွဆုံ (မြို)ရွာ၊ ခုံတိုင်(မြို)ရွာ၊ ဇော်မတက်အုပ်စု၊ ပဒကားရွာသစ်၊ အောင်စစ်ပြင်အုပ်စု တောင်ပြိုကား လမ်းဘေး၊ ဖော်တီတောင်(မာရမာ) မူလကျေးရွာ၊ နံသာတောင်(ရခိုင်) မူလကျေးရွာ၊ သက်တိုင်ညာ (သက်)မူလကျေးရွာ၊ အောင်သပြေရွာ၊ အောက်ပြူးမနဲ့  ခမောင်းဆိပ်မြို့ စတဲ့ နေရာတွေအနားမှာ  လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ တည်ဆောက်ပေးနေပြီး စေတီတွေလည်း တည်ထားပေးထားပါတယ်။

အစ္စလာမ်ဘာသာဝင်တွေအတွက်လည်း ကျေးရွာတွေမှာ လူနေအိမ်တွေ ဆောက်လုပ်ပေးနေပြီး အခုအခါ ကြိုတင်ပြင်ဆင်မှုတွေ ထိုက်သင့်သလောက် ပြီးစီးနေပြီလို့လည်း အစိုးရသတင်းမှာ ဖော်ပြထားပါတယ်။

အစောပိုင်း သတင်းတွေအရတော့ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြသူတွေကို ဇန်န၀ါရီ ၂၂ ရက်ကစပြီး ပြန်လည်လက်ခံသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013