DVB Logo
Home
မြန်မာသတင်း
အင်္ဂပူမြို့နယ်တွင် ဂက်စ်အိုးပေါက်ကွဲ၊ ၁ ဦး သေဆုံး
DVB
·
January 12, 2018
အင်္ဂပူမြို့နယ်တွင် ဂက်စ်အိုးပေါက်ကွဲ၊ ၁ ဦး သေဆုံး
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် မဲဇလီကုန်းရဲစခန်းပိုင်အတွင်းရှိ တိုင်တရာကျေးမှာ ဇန်နဝါရီ ၁၁ ရက်က မိုးပျံပူဖောင်းပြုလုပ်ဖို့ ဂက်စ်အိုးထဲမှ ဂက်စ်ဖြည့်ရင်း ပေါက်ကွဲမူတခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ သေဆုံးသွားသူကို ကျော်စွာဦး မျက်လှည့်ပွဲမှာ မိုးပျံပူဖောင်းတွေ ဂက်စ်ထည့် ရောင်းချတဲ့ အရုပ်တွေရောင်းဖို့ နေအိမ်မှာ ပြင်ဆင်နေချိန် ဂက်စ်အိုးပေါက်ကွဲခဲ့ပြီး ခြေထောက်ကြေမွသွားလို့ ဟသာင်္တခရိုင်ပြည်သူဆေးရုံမှာ ကုသနေချိန် အဲဒီည ၇ နာရီလောက်က သေဆုံးသွားတာပါ။

“မနေ့က ညနေ ၃ နာရီခွဲကျော်လောက်ကဖြစ်တာဗျ။ ကျနော်တို့ကိုအကြောင်းကြားတာကတော့ ညနေ ၅ နာရီလောက်ဖြစ်နေပြီလေ။ သူတို့က အရေးပေါ်အခြေအနေကြောင့် ဆေးရုံကို အရင်သွားတယ်။ နောက်ပိုင်းမှ ကျနော်တို့ဆီ အကြောင်းကြားတယ်။ အဲဒါကြောင့် စခန်းကသိတော့ နောက်ကျပါတယ်။ ခုအဲဒီဖြစ်စဉ်ကို မဲဇလီကုန်းနယ်မြေရဲတပ်ဖွဲ့စခန်းက စခန်းမှူး ရဲအုပ်ကျော်ထူးက အမှုစစ်ဆေးပြီး ရဲလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်” လို့ မဲဇလီကုန်းရဲတပ်ဖွဲ့စခန်းက စာရေးကြီး ရဲတပ်ကြပ်ကြီး စံရင်ကပြောပါတယ်။

မဲဇလီကုန်းရဲစခန်းက သေမှုသေခင်းအမှတ်(၁/၂၀၁၈)နဲ့ အမှုဖွင့်ပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

သတင်း - သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013