DVB Logo
Home
မြန်မာသတင်း
လက်ရှိအစိုးရဟာ ပြည်ခိုင်ဖြိုးကို မဲပေးသည့် ပြည်သူ ၇ သန်းနှင့် လုံးဝမထိုက်တန်ဟု ပါတီခေါင်းဆောင်ပြော
DVB
·
January 12, 2018
လက်ရှိအစိုးရဟာ ပြည်ခိုင်ဖြိုးကို မဲပေးသည့် ပြည်သူ ၇ သန်းနှင့် လုံးဝမထိုက်တန်ဟု ပါတီခေါင်းဆောင်ပြော
Donate to DVB

လက်ရှိအစိုးရဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို မဲပေးလိုက်တဲ့ ပြည်သူ ၇ သန်းနဲ့ လုံးဝထိုက်တန်ခြင်း မရှိဘူးလို့  ပါတီခေါင်းဆောင် ဦးသန်းဌေးက ပြောကြားလိုက်ပါတယ်။

ဇန်န၀ါရီ ၈ ရက်က ပါတီဌာနချုပ်မှာ ကျင်းပတဲ့ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြ သင်တန်းအမှတ်စဉ် ၃ သင်တန်းဖွင့် အခမ်းအနားမှာ ပြောတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားတာလို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြပါတယ်။

“နှစ်နှစ်အတွင်းမှာ ပြောင်းလဲပေးလိုက်တဲ့ လက်ရှိအစိုးရဟာ သူတို့ကို ထောက်ခံမဲ ပေးလိုက်တဲ့ မြန်မာနိုင်ငံသား ၁၂) သန်မျှနဲ့သာ ထိုက်တန်တဲ့ အစိုးရလို့ ပြောရမှာဖြစ်ပါတယ်။ ကျန်တဲ့သန်း ၄၀ ကျော်သော ပြည်သူတွေထဲက ဆိုပါစို့၊ ကျနော်တို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို မဲပေးလိုက်တဲ့ ပြည်သူ ၇ သန်းနဲ့ လုံးဝ ထိုက်တန်ခြင်း မရှိဘူးလို့ ပြောလို့ရပါတယ်။ အလားတူပဲ ပြည်ခိုင်ဖြိုးနဲ့ NLD မှအပ အခြားပါတီများကို မဲပေးလိုက်သော ပြည်သူများ၊ မဲပေးခွင့်မရှိသေးသော အသက်အရွယ် မပြည့်သေးတဲ့ ပြည်သူများအားလုံးက ပြည်သူပဲလေ၊ နောက်တခါ မဲပေးပိုင်ခွင့်မရှိသော သာသနာ့ဝန်ထမ်းများ အဲဒီပုဂ္ဂိုလ်အားလုံးနဲ့ ထိုက်တန်မှု ရှိ၊ မရှိ သူတို့နဲ့ထိုက်တန်တဲ့ အစိုးရ ဖြစ်ပါရဲ့လားဆိုတာ ပြန်စဉ်းစားကြဖို့ လိုပါလိမ့်မယ်။”

ဒီကနေ့ တိုင်းပြည်အခြေအနေကို ပြန်ကြည့်ရင် ကုန်ဈေးနှုန်း၊  ဒုစရိုက်မှုနဲ့ ရာဇဝတ်မှုတွေ အရှိန်အဟုန်နဲ့ တိုးတက်နေတယ်၊  ပြည်သူ့ဘ၀လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒီမိုကရေစီ အခြေခံပိုင်ခွင့်တွေ အရှိန်အဟုန်နဲ့ ကျဆင်းနေတယ်၊ ငြိမ်းချမ်းရေးဟာလည်း အရင်အစိုးရကာလ စွမ်းဆောင်မှုထက်ပိုပြီး ရှေ့မတိုးနိုင်သေးသလို  အချုပ်အခြာအာဏာဟာလည်း မြန်မာပိုင်မှ ဟုတ်သေးရဲ့လားလို့ သံသယဖြစ်စရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။

အများစု လက်ခံတယ်ဆိုတဲ့ ဆုံးဖြတ်မှုတိုင်းဟာ အကြွင်းမဲ့ မှန်ကန်မှု မရှိဘူး။ ဒီမိုကရေစီစနစ်မှာ ပြည်သူတွေဟာ ကိုယ်နဲ့ ထိုက်တန်တဲ့ အစိုးရကို ရတယ်ဆိုတဲ့ စကားဟာ  အကြွင်းမဲ့ မှန်ကန်ခြင်း မရှိဘူးလို့လည်း ပါတီခေါင်းဆောင်က ပြောကြားသွားပါတယ်။

ဓာတ်ပုံ - USDP

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013