DVB Logo
Home
မြန်မာသတင်း
ဆယ်အိမ်မှူးကို ကန့်ကွက်သည့် အိမ်ထောင်စု ၂၅ စု မြို့နယ်အပိုင်မှ ထုတ်ပယ်ခံရ
DVB
·
January 12, 2018
ဆယ်အိမ်မှူးကို ကန့်ကွက်သည့် အိမ်ထောင်စု ၂၅ စု မြို့နယ်အပိုင်မှ ထုတ်ပယ်ခံရ
Donate to DVB

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ် ချောင်းစောက်ကျေးရွာအုပ်စုက အိမ်ထောင်စု ၂၅ စုက ကျေးရွာ ဆယ်အိမ်မှူး ရွေးချယ်တာကို ကန့်ကွက်တိုင်ကြားခဲ့လို့ ကျေးရွာအုပ်ချူပ်ရေးမှူးနဲ့ မြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူးတို့က ဇီးကုန်းမြို့နယ်အပိုင်ကနေ နတ္တလင်းမြို့နယ်အပိုင်ကို ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။

ချောင်းစောက်ကျေးရွာအုပ်စုမှာ အိမ်ထောင်စု ၁၀၈ စုရှိပြီး လူဦးရေ ၃၀၀ ကျော်နေထိုင်ပါတယ်။ လူဦးရေတိုးပွားလာလို့ ပြောင်းရွေ့နေထိုင်ရာကနေ အခုလိုပြဿနာတွေ ဖြစ်ပေါ်နေတာပါ။

ကျေးရွာသားတဦးက “ကျနော်တို့က ဆယ်အိမ်မှူးဦးသန်းနိုင်ကို မကြိုက်လို့ ကန့်ကွက်တာပါ။ သူကရွာမှာ ဆယ်အိမ်မှူး လုပ်လာတာ ၁၇ နှစ်ရှိပြီ။ ကျနော်တို့ ရွာအပေါ်မှာ အမြဲတမ်းအနိုင်ကျင့်တယ်။ မလိုရင်မလိုသလို အုပ်ချူပ်ရေးမှူးတို့ ရဲတို့နဲ့ပေါင်းပြီး ဖမ်းခိုင်းတယ်။ အခုသူကိုအုပ်ချူပ်ရေးမှူးက ဆယ်အိမ်မှူး ပြန်ခန့်တာကို ကျနော်တို့ ရွာသားတွေက ကန့်ကွက်တာ။ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးညီညီအောင်က လက်မခံဘူး။ မင်းတို့ပြည်သူတွေမမှန်လို့ မဟုတ်တာ လုပ်လို့ဆိုပြီး တဖက်စောင်းနင်းပြောတယ်။ ပြီးတော့ မင်းတို့က ဇီးကုန်းမြေပေါ်မှာ နေတာမဟုတ်ဘူး။ နတ္တလင်းမြေပေါ်မှာနေတာဖြစ်တဲ့အတွက် ဇီးကုန်းသားတွေ မဟုတ်ဘူးဆိုပြီး ပယ်ထုက်တာပါ” လို့ ပြောပါတယ်။

ဆယ်အိမ်မှူး ဦးလှဝင်းက “ခုကအုပ်ချူပ်ရေးမှူးက သူတို့လူကို ကန့်ကွက်လို့ အခုလိုလုပ်တာပါ။ ၂၀၁၅ ခုနှစ်ကလည်းတခါ အခုအုပ်ချူပ်ရေးမှူးကပဲ မင်းတို့ နတ္တလင်းမြေပေါ်မှာနေလို့ နတ္တလင်းမှာ မဲထည့်ရမယ်ဆိုပြီးလုပ်တော့ ကျနော်တို့ရွာသားတွေ သက်ဆိုင်ရာအထက် အဆင့်ဆင့်ကိုတိုင်မှ ဇီးကုန်းမြို့နယ်မှာ မဲထည့်ခဲ့ရတယ်။ အခု လည်းထပ်ပြီး ကျနော်တို့ကို လုပ်တာပါ” လို့ပြောပါတယ်။

ဇီးကုန်းမြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူး ဦးညီညီအောင်က “ဌာနဆိုင်ရာတိုင်းက ကန့်သတ်ချက်သတ်မှတ်ချက် လုပ်ထုံးလုပ်နည်း ဥပဒေတွေရှိပြီးသားပါ။ သူတို့က နတ္တလင်းမြို့နယ်ထဲမှာ နေတဲ့အတွက် အုပ်ချူပ်ရေးပိုင်း၊ ရဲလုပ်ထုံးလုပ်နည်းဌာနဆိုင်ရာပိုင်း၊ တရားဥပဒေပိုင်းတွေကို နတ္တလင်းမြို့နယ်က စီမံခန့်ခွဲရမှာပါ၊ ကျနော်တို့ ဇီးကုန်းမြို့နယ်နဲ့ မဆိုင်ပါဘူး။ ဒီမိသားစု ၂၅ စုက တရားဝင်ဖြစ်ချင်တယ်ဆိုရင်တော့ ကျနော်တို့ဘက်က ကူညီပေးသွားမှာပါ” လို့ပြောပါတယ်။

ထုက်ပယ်ခံရတဲ့ အိမ်ထောင်စု ၂၅ စုက နတ္တလင်းမြို့နယ် အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာနကို သွားရောက်မေးမြန်းရာ မြေကတော့ နတ္တလင်းမြေဖြစ်ပေမယ့် လူတွေက ဇီးကုန်းမြို့နယ်အပိုင်က လူတွေဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013