DVB Logo
Home
မြန်မာသတင်း
ABSDFစီစဉ်သည့် ပဲခူးမြို့ လူထုဆွေးနွေးပွဲ တားဆီးပိတ်ပင်ခံရ
DVB
·
January 12, 2018
ABSDFစီစဉ်သည့်  ပဲခူးမြို့ လူထုဆွေးနွေးပွဲ တားဆီးပိတ်ပင်ခံရ
Donate to DVB

ပဲခူးမြို့မှာ ဇန်န၀ါရီ ၁၂ မှ ၁၃ ရက်ထိ နှစ်ရက်တာကျင်းပဖို့ စီစဉ်ထားတဲ့ABSDF ကျောင်းသားတပ်မတော်ရဲ့   ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးအကြို  လူထုဆွေးနွေးပွဲကို နယ်လုံဝန်ကြီးအမိန့်နဲ့  သက်ဆိုင်ရာက လာရောက်တားမြစ်လိုက်ပါတယ်၊

ဒီနေ့မနက် အခမ်းအနားစတင်ပြီး ကော်ဖီသောက်နားပြီးနောက် ပြန်လည်စတင်ချိန်မှာ အထွေထွေအုပ်ချုပ်ရေး တာဝန်ရှိသူတွေ ရောက်လာပြီး ဆက်မလုပ်ဖို့ တားလိုက်တာလို့ ပြည်ခရိုင်ကိုယ်စားပြု ပါဝင်တက်ရောက်တဲ့ ကိုပိုက်တင်က ပြောပါတယ်။

“အပြင်မှာတော့ ရဲကားတွေ ပါလာတာတွေ့ရတယ်။ လူကြီးတွေပြောနေတာတော့ ခွင့်ပြုမိန့်တင်မထားလို့တော့ အကြမ်းဖျင်း သိရသေးတယ်လို့။ အခုလိုတားတော့ သူတို့တတွေ ပဲခူးဝန်ကြီးချုပ်ကို သွားတွေ့ဆုံမေးမြန်းတော့ သူမသိဘူးလို့ပြောတယ်၊၊ အခုက ၀န်ကြီးချုပ်ထပ် နယ်လုံဝန်ကြီးက ကျော်လွန်ပြီးလုပ်နေတာတွေက ဒီတိုင်းမှာ ၀န်ကြီးချုပ်က ဘာမှ အာဏာမရှိတော့ဘူးလို့ ဆိုတဲ့ပုံစံဖြစ်နေတယ်၊ ဒီပုံစံနဲ့ဆိုငြိမ်းချမ်းရေးက ဝေးသထက်ဝေးနေဦးမှာပဲ” လို့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုကျော်ဆန်းက ပြောပါတယ်။

ဒီပွဲကို အစိုးရနဲ့ အပစ်ရပ်ထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး  ABSDF က ဦးဆောင်ကျင်းပတာဖြစ်ပြီး ပဲခူးတိုင်းအတွင်းက အရပ်ဘက် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ အမျိုးသမီးအဖွဲ့တွေ၊ ကျောင်းသားတွေ စုစုပေါင်း လူ ၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်က မုံရွာမြို့မှာလည်း အလားတူတားဆီးခံခဲ့ရပြီး ပြီးခဲ့တဲ့နှစ်ထဲ ရှမ်းပြည်နယ်မှာ ရှမ်းလက်နက်ကိုင်အဖွဲ့က ဆောင်ရွက်တဲ့ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုဆွေးနွေးပွဲ  တားဆီးပိတ်ပင်ခံခဲ့ရပါတယ်။

မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013