DVB Logo
Home
မြန်မာသတင်း
ငြိမ်းစုစီဖြင့် တရားစွဲခံရသည့် လူငယ်​ ၅ ဦးကို ​ထောင်​ဒဏ်​ ရက်​ ​၂၀ ချမှတ်
DVB
·
January 12, 2018
ငြိမ်းစုစီဖြင့် တရားစွဲခံရသည့် လူငယ်​ ၅ ဦးကို ​ထောင်​ဒဏ်​ ရက်​ ​၂၀ ချမှတ်
1 / 3
Donate to DVB

ဒီဇင်​ဘာလ ၂၂ ရက်​​နေ့က ကရင်​နီအမျိုးသား တိုးတက်​​ရေးပါတီ (​ကေအန်​ပီပီ) ရဲ​ဘော်​ ၃ ဦးနဲ့ အရပ်​သား ၁ ဦး ​သေဆုံးမှုအ​ပေါ် အမှန်​တရား​ပေါ်​ပေါက်​ဖို့ ဆန္ဒထုတ်​​ဖော်​ ​တောင်းဆိုခဲ့တဲ့ လူငယ်​ ၅ ဦးကို ဒီ​နေ့ လွိုင်​​ကော်​မြို့နယ်​ တရားရုံးက ​ထောင်​ဒဏ်​ ရက်​ ၂၀ ချမှတ်​လိုက်​ပါတယ်​။

ကယားပြည်​နယ်​ ​ဒေသကွပ်​ကဲမှု စစ်​ဌာနချုပ်​ (ဒကစ) လွိုင်​​ကော်​ လက်​​အောက်​ခံတပ်​က လွိုင်​​ကော်​မြို့နယ်​ရှိ ​ ပါ​လောင်းကျေးရွာနဲ့ ​ဒေါတခြား​ကျေးရွာကြားရှိ ကရင်​နီအမျိုးသား တိုး​တက်ရေးပါတီရဲ့ ယာယီ ၇ မိုင်​ ဂိတ်​က ရဲ​ဘော်​ ၃ ဦးနဲ့ အရပ်​သား ၁ ဦးကို မြန်​မာ့တပ်မ​တော်​က ဒီဇင်​ဘာလ ၂၀ ရက်​​နေ့က သတ်​ဖြတ်​ခဲ့တာ​ကြောင့် အမှန်တရား​​​ ပေါ်​ပေါက်​ဖို့ ​တောင်းဆိုခဲ့တဲ့ လူငယ်​ ၅ ဦး ခုလို တရားစွဲဆို ခံရပြီး ​ထောင်​ဒဏ်​ ရက်​ ၂၀ ချမှတ်​ ခံရတာပါ။

ဒီကိစ္စအ​ပေါ် အရပ်​ဘက်​ ၆ ဖွဲ့က ကန့်​ကွက်​ရှုတ်​ချ​ကြောင်း ​သ​ဘောထား ထုတ်​ပြန်​ထားပြီး မြန်​မာနိုင်​ငံတဝန်းလုံးရှိ အရပ်​ဘက်​ အဖွဲ့အစည်း ၁၆၃ ဖွဲ့က​ ထောက်​ခံဝန်းရံကြတယ်​လို့ သိရပါတယ်​။

ကယားပြည်​နယ်​က လက်​နက်​ကိုင်​ အဖွဲ့အစည်း ၂ ဖွဲ့ဖြစ်​တဲ့ ကရင်​နီပြည်​လူမျိုး​ပေါင်းစုံ ပြည်​သူ့လွတ်​​မြောက်​​ရေးတပ်​ဦး (ကလလတ)နဲ့ ကယန်းပြည်​သစ်​ပါတီ (​ကေအန်​အယ်​ပီ)က ဖမ်းဆီး ခံထားရတဲ့ လူငယ်​ ၅ ဦး ခြွင်းချက်​မရှိ ချက်​ချင်းလွှတ်​​ပေးဖို့ ပူးတွဲ​ကြေညာချက်​ ထုတ်​ပြန်​ထားပါတယ်​။

သတင်း - ခွန်းတူးတူး​လေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013