DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများ လက်လှမ်းမီ ပညာသင်ယူခွင့်မြှင့်တင်ရေး ဆွေးနွေးပွဲ ကျင်းပ
DVB
·
January 12, 2018
မသန်စွမ်းသူများ လက်လှမ်းမီ ပညာသင်ယူခွင့်မြှင့်တင်ရေး ဆွေးနွေးပွဲ ကျင်းပ
Donate to DVB

မြန်မာနိုင်ငံ မသန်စွမ်းသူများ လက်လှမ်းမီ ပညာသင်ယူခွင့် ရရှိနိုင်မှု မြှင့်တင်ရေး ဆွေးနွေးပွဲကို မအူပင် တက္ကသိုလ်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ကဦးဆောင်ပြီး တိုင်းနဲ့ပြည်နယ်အတွင်းက နေရာ ၁၅ ခုမှာ မသန်စွမ်းသူတွေရဲ့လှုပ်ရှားမှု ကမ်းတွေကို မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြုလုပ်နေတာပါ။

မသန်စွမ်းတွေ ပညာရေးကဏ္ဍမှာ သူတို့တွေဘယ်လို ကြိုးစားအားထုတ်တွေ၊ အခက်အခဲရင်ဆိုင်ရတာတွေ၊ ရလဒ်တွေ၊ သူတို့တွေရဲ့ ဘဝတွေ အပါအဝင် တက္ကသိုလ် ကောလိပ်အသီးသီးမှာရှိတဲ့ မသန်စွမ်းတွေရဲ့ အကြောင်းတွေကို ဆွေးနွေးဟောပြောခဲ့တာပါ။

မအူပင်တက္ကသိုလ်ကတော့ ၆ ကြိမ်မြောက် မသန်စွမ်းသူတွေရဲ့ ကမ်ပိန်း ၆ ခု မြောက်ဖြစ်ပါတယ်။

မအူပင်မြို့နယ်အပြင် နေပြည်တော်၊ မော်လမြိုင်၊ ရေး၊ ရန်ကုန်မြို့နယ်တွေမှာလည်း မသန်စွမ်းအသင်းချုပ်က ကိုယ်အင်္ဂါမသန်စွမ်း အမြင်အာရုံမသန်စွမ်း အကြားအာရုံမသန်စွမ်း ကာယကံရှင်တွေ အပါအဝင် ဉာဏ်ရည်မသန်စွမ်းက မိဘတွေနဲ့အတူ ဒီကမ်းပိန်းတွေကို တာဝန်ရှိသူတွေရဲ့ ဖိတ်ခေါ်ချက်နဲ့ နေရာအနှံ့ လိုက်လံပြုလုပ်နေတာပါ။

လာမယ့် ဇန်နဝါရီ ၁၉ ရက်နေ့မှာတော့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် မုံရွာစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ မသန်စွမ်းအသင်းချုပ်တို့တွေ့ဆုံပြီး မသန်စွမ်းသူတွေ ရင်ဆိုင်နေရတဲ့ အလုပ်အက်ုင်နဲ့ပတ်သက်ပြီး တွေ့ဆုံသွားဖို့ရှိပါတယ်။

နောက်ပိုင်းမှာတော့ ချင်းပြည်နယ်နဲ့ မြစ်ကြီးနားမြို့နယ်တွေမှာ ကမ်းပိန်းဆက်လက် ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံမသန်စွမ်းအသင်းချုပ်က သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ- ဖြိုးဟိန်းB.E(ကိုယ်အင်္ဂါမသန်စွမ်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013