DVB Logo
Home
မြန်မာသတင်း
နောင်ချိုမြို့နယ်တွင် ပစ်ခတ်မှုဖြစ်ပွား၊ ၊ ၀မ်ဟိုင်းအဖွဲ့ဝင် ၅ ဦး ဖမ်းဆီးခံရ
DVB
·
January 11, 2018
နောင်ချိုမြို့နယ်တွင် ပစ်ခတ်မှုဖြစ်ပွား၊ ၊ ၀မ်ဟိုင်းအဖွဲ့ဝင် ၅ ဦး ဖမ်းဆီးခံရ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်ထဲမှာ  ၀မ်ဟိုင်းအခြေစိုက် ရှမ်းလက်နက်ကိုင်အဖွဲနဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး  စစ်သည်တဦး ထိခိုက်ဒဏ်ရာရကာ ၀မ်ဟိုင်းအဖွဲ့ဝင် ငါးဦးကို ဖမ်းဆီးခဲ့ တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ဇန်န၀ါရီ ၁၀ ရက် မနက် ၃ နာရီခွဲလောက်က နောင်ချိုမြို့နယ်  ပြင်ဦးလွင်-မိုးကုတ်သွား လမ်း အနောက်ဘက်က သပြေဒိုးရွာထဲမှာ ရှမ်းပြည်တပ်မတော် ( ၀မ်ဟိုင်း ) အဖွဲ့  နယ်ေ ကျာ်ရောက်ရှိနေကြောင်း သတင်းရတဲ့အတွက် တပ်မတော်စစ်ကြောင်းက ပိတ်ဆို့ရှာဖွေရာမှာ အိမ်ထဲကနေ လက်နက်ငယ်တွေနဲ့ ပြန်ပစ်လို့ အပြန်အလှန်ပစ်ခတ်မှုရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ ပစ်ခတ်မှုမှာ မြန်မာ့တပ်မတော်ဘက်က တဦးဒဏ်ရာရပြီး ၀မ်ဟိုင်းအဖွဲ့က မြို့နယ်မှူးအဆင့်ရှိ စိုင်းမိုးအောင်အပါအ၀င် ငါးဦးကို လက်နက်ခဲယမ်း၊ ဆက်ကြေးကောက်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး SSPP/SSA  ရှမ်းပြည်တပ်မတော် (၀မ်ဟိုင်း) အဖွဲ့ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖြေကြားပေးသူမရှိပါဘူး။

ဓာတ်ပုံ-CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013