DVB Logo
Home
မြန်မာသတင်း
ကျောင်းနေအရွယ်ကလေးများ ပျော်ရွှင်စွာစာသင်ကြားနိုင်ရန်မွမ်းမံသင်တန်းဖွင့်လှစ်
DVB
·
January 11, 2018
ကျောင်းနေအရွယ်ကလေးများ ပျော်ရွှင်စွာစာသင်ကြားနိုင်ရန်မွမ်းမံသင်တန်းဖွင့်လှစ်
Donate to DVB

မွန်ပြည်နယ်အတွင်းရှိ ၁၀ မြို့နယ်မှာ UNICEF ကူညီထောက်ပံ့မှုနဲ့ ကလေးပျော်ကျောင်း(CFS) မွမ်းမံသင်တန်းကို ဒုတိယအကြိမ်ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

ဇန်န၀ါရီ ၁၀ရက်နေ့ကတော့ ပေါင်မြို့နယ်အတွင်းရှိ အခြေခံကျောင်းများမှ ဆရာဆရာမ ၇၅ ဦးကို အ.ထ.က(ပေါင်)၊ ရွှေရတုခန်းမမှာ သင်ကြားပေးနေပါတယ်။

ကျောင်းနေအရွယ် ကလေးတွေအားလုံး ကျောင်းထဲကိုပျော်ပျော်ရွှင်ရွှင်နဲ့ မူလတန်းအဆင့် စာပေဘာသာရပ်ကို သင်ကြားသွားနိုင်ဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်တာလို့  ပေါင်မြို့နယ်ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းကြိုင်ကပြောပါတယ်။

“အရင်တုန်းက ကျနောတို့ သင်ကြားခဲ့ရတဲ့ ပုံစံအဟောင်းလို ဆရာက ဒါပေးဒါယူသွားပြီးတော့မှ ကလေးကအိမ်မှာ ပြန်ကျက်တဲ့ပုံစုံမျိုးမဟုတ်ဘဲ ကလေးကိုယ်တိုင်က ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ရင်း၊ ကစားရင်း၊ ဆော့ရင်းနဲ့ ပညာကို သင်ကြားမယ့်ပုံစံမျိုးပါ။ သင်တန်းသားတွေကိုလည်း ဒီတစ်နှစ်၊  နှစ်နှစ်အတွင်းမှာခန့်လိုက်တဲ့ ဆရာဆရာကို ရွေးချယ်ခဲ့တာပါ။ သူတို့က လုပ်သက်လည်းနုပြီး သင်တန်းအတွေ့အကြုံလည်းမရှိသေးတဲ့ သူတွေကို ဦးစားပေးရွေးချယ်တဲ့သဘောပါ”

အဆိုပါသင်တန်းကို Unicef ရဲ့ ပံ့ပိုးကူညီမှုနဲ့ ၂၀၁၆ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ် ၇ ခုမှာ သင်ကြားဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်အဖြစ် ဇန်န၀ါရီ ၁၀ ရက်ကနေ ၁၉ ရက်အထိ တပြိုင်နက်တည်း ပြန်လည်သင်ကြားပေးတာဖြစ်ပါတယ်။

ပေါင်မြို့နယ်မှာပြုလုပ်တဲ့ ကလေးပျော်ကျောင်း(CFS) မွမ်းမံသင်တန်းမှာ သင်တန်း ဆရာအဖြစ် နည်းပြ ၄ ဦးနဲ့ သင်တန်းသား ဆရာ/ဆရာမပေါင်း ၇၅ ဦးကို မူလတန်းအဆင့်မှာ သင်ကြားမယ့်ဘာသာရပ်အားလုံးကိုသင်ကြားပေးမှာဖြစ်ပြီး သင်တန်းအချိန်ကိုတော့ နေ့စဉ်မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ၁၀ ရက်ကြာ သင်ကြားပေးမှာဖြစ်ပါတယ်။

ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013