DVB Logo
Home
မြန်မာသတင်း
မေရီ၊ ကျားပေါက်၊ ရန်ရန်ချန်းနှင့် ချမ်းအေးဝင်းတို့၏ ‘I Got U’ သီချင်းသစ်နားဆင်နိုင်
DVB
·
January 11, 2018
မေရီ၊ ကျားပေါက်၊ ရန်ရန်ချန်းနှင့် ချမ်းအေးဝင်းတို့၏ ‘I Got U’ သီချင်းသစ်နားဆင်နိုင်
Donate to DVB

‘ဝဲ’သီချင်းနဲ့ နာမည်ကြီးလာခဲ့တဲ့ တက်သစ်စတေးသံရှင် မေရီ(Mary)နဲ့ အမျိုးသား တေးသံရှင် ၃ ဦးတို့ ပေါင်းစပ်ဖန်တီးထားတဲ့ သီချင်းသစ်ကို အွန်လိုင်းပေါ်မှာ အခမဲ့ နားဆင်နိုင်ဖို့ မျှဝေထားပါတယ်။

ဒီသီချင်းရဲ့ အမည်ကိုတော့ ‘I Got U’ လို့ အမည်ပေးထားပြီး ကျားပေါက်၊ ရန်ရန်ချန်း၊ ချမ်းအေးဝင်းတို့နဲ့အတူ HwaweiNova2i ဖုန်းအတွက် ကြော်ငြာသီချင်းအဖြစ် ပေါင်းစပ်ဖန်တီးထားခဲ့ကြတာ ဖြစ်ပါတယ်။

“ဘဝမှာ ပျော်အောင် နေတတ်ဖို့လည်း အရေးကြီးတယ်။ ပျော်ရွှင်မှုဆိုတာ အောင်မြင်မှုပဲ။ အဲဒီတော့ ပျော်ရွှင်မှုတွေဆီ ခရီးဆက်ကြမယ်” ဆိုတဲ့ ရက်ပ်စာသားတွေ နဲ့အတူ “ကမ္ဘာပေါ်မှာ ဘယ်လို ရှင်သန်ချင်လဲ။ နေ့စဉ် ရုန်းကန်ရတဲ့ အခက်အခဲနဲ့။ ဒါပေမယ့် မနက်ဖြန်တိုင်းမှာ အဆိုးတွေ မရှိတော့ဘူး”စတဲ့ စာသားတွေ ပါဝင်တဲ့ မေရီရဲ့ ထူးခြားတဲ့ အသံတွေနဲ့အတူ ဒီသီချင်းကို နားဆင်ခံစားကြရမှာပါ။

တေးသံရှင် ရန်ရန်ချန်းကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဒီသီချင်းကို “နားထောင်ပြီး တခုခုတော့ ခံစားရမှာပါ”ဆိုပြီး မျှဝေထားပါတယ်။

ဒီသီချင်းကို အောက်ပါ လင့်ခ်တွေမှတဆင့် ဒေါင်းလုတ်ရယူ နားဆင်နိုင်ပါတယ်။

http://www.mediafire.com/file/p2r0fdd2qya6rxd/i+GOT+U.mp3

https://www.dropbox.com/s/d3sxac0q9b69258/i%20GOT%20U.mp3?dl=0

 

ဓာတ်ပုံ- Mary

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013