DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းရှိ ​ကောင်းမှု​တော်စေတီတော်ကြီးကို ထုံးသင်္ကန်း ပြန်​လည်ကပ်​လှူရန်​ဆွေး​နွေး
DVB
·
January 11, 2018
စစ်ကိုင်းရှိ ​ကောင်းမှု​တော်စေတီတော်ကြီးကို ထုံးသင်္ကန်း ပြန်​လည်ကပ်​လှူရန်​ဆွေး​နွေး
Donate to DVB

 

စစ်​ကိုင်းမြို့က ရာဇမဏိစူဠာဘွဲ့ခံ ​ကောင်းမှု​တော် ​​စေတီ​တော်​ကြီးကို လုံး​တော်​ပြည့် ထုံးသင်္ကန်း ပြန်​လည်ကပ်​လှူဖို့ ​ဆွေး​နွေးညှိနှိုင်း ရှင်းလင်းပွဲနဲ့ ဆန္ဒခံယူပွဲကို စစ်​ကိုင်း မြို့မိမြို့ဖ​တွေ ဒီ​နေ့ ပြုလုပ်​ခဲ့ပါတယ်​။

ထုံးသင်္ကန်း ပြန်​လည်​ကပ်​နိုင်​ဖို့ တိုင်း​ဒေသကြီးကို စာတင်​ထားသလို လက်​မခံပါက လိုအပ်​တဲ့ အဆင့်အတိုင်း ဆက်​လက်​​ဆောင်​ရွက်​သွားမယ်​လို့ မြို့မိမြို့ဖအဖွဲ့​တွေက ​တွေ့ဆုံရှင်းလင်းပွဲမှာ ​ပြောကြားပါတယ်​။

ကောင်းမူ​တော်​ဘုရား ​ဂေါပကအဖွဲ့ ဥက္ကဋ္ဌက သက်​ဆိုင်​ရာဌာန ညွှန်​ကြားချက်​အတိုင်း ​ဆက်​လက်​ ဆောင်​ရွက်​သွားမယ်​လို့ ​ပြောပါတယ်​။

ကောင်းမှု​တော်​​ဘုရားကြီးကို ထုံးသင်္ကန်း ကပ်​လှူခဲ့တာ နှစ်​​ပေါင်း ၃၇၀​ ကျော်​ ရှိခဲ့ပါတယ်​။ ဒါပေမယ့် ၂၀၁၀ ပြည့်နှစ်​မှာ ဗိုလ်​ချုပ်​မှူးကြီး (ငြိမ်း) ​ဦးသန်း​ရွှေ ဦး​ဆောင်​တဲ့ အစိုးရအဖွဲ့ဝင်​​တွေ လုပ်​ငန်းရှင်​​တွေ စု​ပေါင်းပြီး ကျပ်​သိန်း​ပေါင်း ၇၀၀၀ ​​ကျော်​နဲ့ ရွှေသင်္ကန်း ​ပြောင်းလဲ ကပ်​လှူခဲ့တာပါ။

ရွှေသင်္ကန်း သက်​တမ်းကုန်​ရင်​ ထုံးသင်္ကန်း ပြန်​လည်​ကပ်​လှူဖို့ ညှိနှိုင်း​ဆောင်​ရွက်​မယ်​လို့ သာသနာ​ရေးဝန်​ကြီးက ပြီးခဲ့တဲ့နှစ်က ဒုတိယအကြိမ်​ ပြည်​သူ့လွှတ်​​တော်​မှာ အဆိုကို ပြန်​လည်​​ဖြေကြားထားပါတယ်​။

ခရစ်​သက္ကရာဇ်​ ၁၆၃၆ ခုနှစ်မှာ သာလွန်​မင်းတရားကြီးက တည်​ထား​ခဲ့တဲ့ ​ကောင်းမှု​တော်​ဘုရားကြီးဟာ ဉာဏ်​​တော်​အမြင့်၊ အခုံးနဲ့အလုံးမှာ အချိုးညီလှတဲ့ သမိုင်းအ​မွေအနှစ်​ ဗိသုကာလက်​ရာ ဖြစ်​ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013