DVB Logo
Home
မြန်မာသတင်း
ချောက်​မြို့တွင်​ လူငယ် ​၁ ဦး ဆွဲကြိုးချသေဆုံး
DVB
·
January 11, 2018
ချောက်​မြို့တွင်​ လူငယ် ​၁ ဦး ဆွဲကြိုးချသေဆုံး
Donate to DVB

ချောက်​မြို့ အမှတ်​(၁၄)ရပ်​ကွက်​၊ စစ်​ကွင်းရပ်​မှာ ဇန်န၀ါရီ ၁၀ ရက် ညနေပိုင်းက အသက်​ ၁၉ နှစ်​အရွယ်​ လူငယ်​တဦး ဆွဲကြိုးချ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

လူငယ်​ဟာ စစ်​ကွင်းရပ်​​နေ ဦး​လေး​တော်​စပ်​သူ ဦးရီနိုင်​ ​နေအိမ်​အ​ပေါ်ထပ်​အမြင့် ၆ ​ပေရှိ ဝင်​​ပေါက်​တံခါး အ​ပေါ်ထုတ်​တန်းမှာ​ ပုဆိုးကွင်း ဆွဲကြိုးချပြီး  လျှာထွက်လျက် သေဆုံးနေခဲ့တာဖြစ်ပါတယ်။

ဦးရီနိုင်ရဲ့ သတင်း​ပေး​ပို့ချက်​​ကြောင့်​ ​ချောက်​မြို့မ ရဲစခန်း ဒုစခန်းမှူး ထွန်းဦးဝင်းနဲ့အဖွဲ့ဟာ ​သေဆုံးသူ ​မောင်​​ဇေယျာဖြိုးရဲ့အ​​လောင်းကို ဓမ္မတာအတိုင်း​သေဆုံးခြင်းဟုတ်​မဟုတ်​ သိရှိနိုင်ဖို့ ​ချောက်​မြို့ပြည်​သူ​ဆေးရုံကြီးကို ပို့​ဆောင်​ခဲ့​တယ်လို့ ဒုစခန်းမှူး ရဲအုပ်​ ထွန်းဦးဝင်းက ပြောပါတယ်။

သေဆုံးသူရဲ့ရည်းစားမှာ တခြားတ​ယောက်​နဲ့ ချစ်​ကြိုက်​သွားလို့ အခုလို လုပ်​တာဖြစ်​နိုင်​​ကြောင်း၊ သေဆုံးသူရဲ့ လူမှုကွန်​ယက်​ စာမျက်​နှာမှာလည်း  ဒီကိစ္စနဲ့ ပတ်သက်လို့ မကြာသေးခင် ရက်ပိုင်းက​ရေးသားမှုတွေရှိခဲ့​ကြောင်း ​သေဆုံးသူရဲ့ နီးစပ်​ရာ အသိုင်းအဝိုင်းက သိရပါတယ်​။

ချောက်မြို့မရဲစခန်းက သေမှုသေခင်း အမှတ် ၁/၂၀၁၈ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ ရဲအုပ်ထွန်းဦးဝင်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013