ဖိလစ်ပိုင်သမ္မတဟောင်း အာရိုယိုနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ (ဓာတ်ပုံ)
DVB
·
January 11, 2018

1 / 5
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ၁၄ ယောက်မြောက်သမ္မတ လက်ရှိလွှတ်တော်အမတ် ဂလိုရီရာအာရိုယိုဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံပါတယ်။
တွေ့ဆုံစဉ် မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး ကိစ္စရပ်တွေနဲ့ ပညာရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဓာတ်ပုံ - MOFA










