DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် စာသင်ကျောင်း ၂၈၃ ကျောင်း ပြန်ဖွင့်
DVB
·
January 11, 2018
မောင်တောတွင် စာသင်ကျောင်း ၂၈၃ ကျောင်း ပြန်ဖွင့်
Donate to DVB

ရခိုင်ပြည်နယ် မောင်တောဒေသမှ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေကြောင့် ပိတ်ထားရတဲ့ အခြေခံပညာကျောင်းတွေထဲက ၂၈၃ ကျောင်းကို ပြန်လည် ဖွင့်လှစ်ထားပြီး ဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

မောင်တောမြို့နယ်အတွင်း ပိတ်ထားရတဲ့  ကျောင်း ၉၈ ကျောင်း၊ ဘူးသီးတောင်မြို့နယ်အတွင်း ပိတ်ထားရတဲ့ ကျောင်း ၁၇၅ ကျောင်း၊ ရသေ့တောင်မြို့နယ် အတွင်း ပိတ်ထားရတဲ့ ကျောင်း ၁၀ ကျောင်း  စုစုပေါင်း ကျောင်း ၂၈၃ ကျောင်းကို  ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့တာလို့ ဆိုပါတယ်။

မောင်တောဒေသအတွင်း ကျောင်း ၄၆ ကျောင်းကို ထပ်မံဖွင့်လှစ်သွားမှာဖြစ်ပြီး ဖွင့်လှစ်နိုင်ခြင်း မရှိသေးတဲ့ ကျောင်းစုစုပေါင်း ၉၅ ကျောင်း ရှိပါတယ်။

မောင်တောဒေသအတွင်း သြဂုတ်လ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းနဲ့ အခြေခံပညာ မူလတန်းကျောင်း စုစုပေါင်း ၆၅၀ ကျောင်းရှိတဲ့အနက် ၄၂၄ ကျောင်းကို ပိတ်ထားခဲ့ရတာ ဖြစ်ပါတယ်။

Photo : MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013