DVB Logo
Home
မြန်မာသတင်း
ကျောင်းသုံးဖတ်စာအုပ်များတွင် ဖက်ဒရယ်ဒီမိုကရေစီပညာရေး အသိပညာများ ပေးရန်လိုအပ်
DVB
·
January 11, 2018
ကျောင်းသုံးဖတ်စာအုပ်များတွင် ဖက်ဒရယ်ဒီမိုကရေစီပညာရေး အသိပညာများ ပေးရန်လိုအပ်
1 / 2
Donate to DVB

ကျောင်းသုံး ဖတ်စာအုပ်တွေမှာ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေး၊ ငြိမ်းချမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတွေနဲ့ ပတ်သက်တဲ့ အသိပညာတွေပေးဖို့  ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

ပညာရေးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနဲ့ ဘာသာရပ်သင်ရိုးညွှန်း တမ်းကော်မတီဝင်တွေ၊  သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့တွေနဲ့ ရန်ကုန်မြို့ တက္ကသိုလ် စိန်ရတု ခန်းမမှာ  မနေ့က တွေ့ဆုံစဉ်မှာ ပြောကြားသွားတာပါ။

ကျောင်းသုံးဖတ်စာအုပ်တွေမှာ ကျောင်းသား ကျောင်းသူတွေကို လူသားကောင်းတွေ ဖြစ်အောင်၊ အများနဲ့ပူးပေါင်း ဆောင်ရွက်တတ်စေအောင်၊ တာဝန်ယူ တာဝန်ခံဆောင် ရွက်တတ်စေအောင်၊ တီထွင် ကြံဆနိုင်စွမ်းရှိတဲ့ လူငယ်တွေဖြစ်စေဖို့ ပြုစုပျိုးထောင်ပေးနိုင်ဖို့ ထည့်သွင်းရေးဆွဲရမယ်လို့လည်း ၀န်ကြီးကညွန်ကြားပါတယ်။

အတန်းအားလုံးရဲ့ ကျောင်းသုံးဖတ်စာအုပ်တွေနဲ့ ဆရာ ဆရာမလက်စွဲ သင်ရိုး ညွှန်းတမ်းတွေအားလုံးကို ၂၀၂၂-၂၀၂၃ မှာ အပြီးရေးဆွဲကြဖို့၊ ၁၁ တန်းပညာရေးမှ KG +12 ပညာရေးကိုပြောင်းလဲရာမှာ လက်ရှိ ၂ တန်းတိုးလာတဲ့ ကျောင်းသားအရေအတွက်နဲ့ ကိုက်ညီတဲ့ ဆရာ ဆရာမတွေ တိုးမြှင့်ခန့်ထားပေးဖို့ရှိနေတယ်လို့သိရပါတယ်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ Grade-2 ဖတ်စာအုပ်သစ်တွေအတွက် မူလတန်းပြ ဆရာ ဆရာမတွေအားလုံးကို သင်တန်းပေးဖို့နဲ့ အခြေခံပညာကျောင်းတွေမှာ ဆရာကျောင်းသား အချိုးမျှတရေး၊ စာသင်ခန်းလိုအပ်ချက်တွေဖြည့်ဆည်းရေးတို့ကို စီမံကိန်းတွေ ရေးဆွဲပြုစုပြီး  ဆောင်ရွက် သွားမယ်ဖို့ရှိနေတယ်လို့လည်း ပညာရေးဝန်ကြီးရဲ့ပြောကြားချက်အရသိရတယ်။

ဓာတ်ပုံ-EDI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013