DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူ ၃၃၈ ဦးကို ခွင့်ပြု
DVB
·
January 11, 2018
နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူ ၃၃၈ ဦးကို ခွင့်ပြု
Donate to DVB

မြန်မာနိုင်ငံမှာ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူပေါင်း ၃၃၈ ဦးကို နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လက်မှတ်နဲ့ ကတ်ပြားတွေ ထုတ်ပေးပြီး ဖြစ်တယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။

အမြဲနေထိုင်ခွင့်လုပ်ငန်း စတင်ဆောင်ရွက်ခဲ့တဲ့ ၂ဝ၁၅ ဇန်နဝါရီကနေ အခုအထိ အမြဲနေထိုင်ခွင့် လျှောက်ထားသူ ၄၄၅ ဦး အနက် ၃၃၈ ဦး ကို စိစစ်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

လျှောက်ထားဖို့ သတ်မှတ်တဲ့ ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံသူ၊ မြန်မာနိုင်ငံသားဟောင်းနဲ့ သူတို့နဲ့ သွေးချင်းဆက်စပ်သူ နိုင်ငံခြားသား စတဲ့ အမျိုးအစား ၄ မျိုးကို နိုင်ငံတော်ရဲ့  မူဝါဒတွေအရ စိစစ်ခွင့်ပြုပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာ လျှောက်ထားသူတွေထဲက  ဗဟိုကော်မတီ စိစစ်အတည်ပြုပြီးသူ လူ ၅ဝ ကို လူတွေ့မေးမြန်း အကဲဖြတ် အတည်ပြုဆောင်ရွက်နေပြီး အတည်ပြုပြီးရင် အထက်အဆင့်ဆင့်ကို တင်ပြပြီး နေထိုင်ခွင့်လက်မှတ်နဲ့ ကတ်ပြားတွေ ထုတ်ပေးသွားဖို့ ရှိနေတယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013