DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် စစ်ကိုင်းတိုင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ
DVB
·
January 10, 2018
လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် စစ်ကိုင်းတိုင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနဲ့ စစ်ကိုင်းတိုင်းအတွင်းက လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းခရိုင် မြို့နယ် တာဝန်ရှိသူ တွေ့ဆုံဆွေးနွေးပွဲတရပ် ပြုလုပ်နေပါတယ်။

ပါတီတွင်း ကိစ္စတွေ ဆွေးနွေးတာဖြစ်လို့ဆိုပြီး သဘာပတိမိန့်ခွန်းအပြီးမှာ မီဒီယာတွေကို ခန်းမအပြင်ထွက်ခိုင်းတဲ့အတွက် ဘာတွေ ဆွေးနွေးတယ်ဆိုတာတော့ မသိရသေးပါဘူး။

ဒီတွေ့ဆုံပွဲမှာ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဦးဘာဘာကတော့  “ကျနော်တို့ အစိုးရ တက်လာတာ ၂ နှစ်ပြည့်တော့မယ်။ တချို့လုပ်ငန်းတွေက မြန်မြန်ဆန်ဆန် မပြီးပြတ်ဘဲနဲ့ တန်းလန်းတွေ ဖြစ်နေတယ်။ ဒါတွေကို ၂၀၁၈ အတွင်းမှာ အပြတ်ဖြတ်ရမယ်။ အပြတ် မဖြတ်နိုင်ရင် အချိန်မရှိတော့ဘူး။ ဒီတိုင်းပြည်၊ ဒီလူမျိုးတွေအတွက် ဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အခြေခံဥပဒေပြုပြင်နိုင်ဖို့ လုပ်နိုင်မှာပါ။ ဒါကြောင့်မို့ ကျနော်တို့ရဲ့ ဆန္ဒကတော့ ၂၀၁၈ မှာ အားလုံးပြီးချင်ပါတယ်။ အားလုံးပြီးမယ်လို့လည်း မျှော်လင့်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

တချို့မြို့နယ်တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အမှုဆောင်တွေနဲ့ မတည့်ကြလို့ တိုင်းအနေနဲ့လည်း ခဏခဏ မြို့နယ်တွေသွားပြီး ဖြေရှင်းနေရတယ်။

လွှတ်တော် ကိုယ်စားလှယ်အချို့ကလည်း ပြည်သူတွေနဲ့ လုပ်ငန်းတွေမှာ တော်တော်လေး ဝေးကွာတာ တွေ့နေရတဲ့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ခေါ်ယူပြီး တိုင်းအနေနဲ့ အကျိုးအကြောင်း ဆွေးနွေးနေတယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013