DVB Logo
Home
မြန်မာသတင်း
နခွန်းပထုန်တွင် ဥပဒေနှင့်မညီသော ရွှေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရ
DVB
·
January 10, 2018
နခွန်းပထုန်တွင် ဥပဒေနှင့်မညီသော ရွှေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်းပထုန်ခရိုင် နခွန်းချိုင်းဆီမြို့နယ်ထဲမှာ ယမန်နေ့က အလုပ်သမားဥပဒေနဲ့ ညီညွတ်မှုမရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ဖမ်းဆီးခံခဲ့ရပါတယ်။

မြို့နယ်အုပ်ချုပ်ရေးဌာန၊ လ.ဝ.ကနဲ့ လူကုန်ကူးမှုတားဆီးရေး ရဲတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအင်အား ၃၀ ကျော်ဟာ ယမန်နေ့က နခွန်းချိုင်းဆီမြို့ ဆီဆထောင်းန်အုပ်စုရှိ စက်ရုံ ၂ ရုံကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ Naewna ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ပထမစက်ရုံမှာ အလုပ်သမားပေါင်း ၅၈ ဦးကို စစ်ဆေးခဲ့ပြီး အဲဒီထဲမှာ ထိုင်း ၃၀ ဦး၊ မြန်မာ ၂၃ ဦး၊ လာအိုနိုင်ငံသား ၅ ဦး နဲ့ မြန်မာလုပ်သားရဲ့ မှီခိုသူပေါင်း ၇ ဦး ပါဝင်ကြောင်း၊ သူတို့ထဲက လ.ဝ.က ဥပဒေနဲ့ ငြိစွန်းသူ၊ သက်သေအထောက်အထား မပြနိုင်သူ ရွှေ့ပြောင်းလုပ်သား ၄ ဦး အဖမ်းခံရပြီး ဆီးစစ်ရာမှာ မူးယစ်ဆေးသုံးထားကြောင်း တွေ့ရှိတဲ့ ထိုင်း ၂ ဦးပါ အဖမ်းခံရတယ်လို့ ဆိုပါတယ်။

ဒုတိယစက်ရုံမှာတော့ အလုပ်သမား ၂၆ ဦးကို စစ်ဆေးခဲ့ရာမှာ ထိုင်း ၁၆ ဦး၊ ကမ္ဘောဒီးယား ၁၀ ဦး ပါဝင်ကြောင်း၊ အဲဒီထဲက ရွှေ့ပြောင်းလုပ်သားတွေဟာ အလုပ်သမား မှတ်ပုံတင်ခြင်းမရှိတာ၊ ရက် ၃၀ အတွင်း အလုပ်ရှင်အမည် ပြောင်းလဲခြင်းမရှိတာ၊ လူမှုရေးအာမခံကတ်တွေ  မလုပ်ထားတာကြောင့် သက်ဆိုင်ရာဥပဒေတွေနဲ့အညီ ဆက်လက် အရေးယူ ဆောင်ရွက်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013