DVB Logo
Home
မြန်မာသတင်း
ငြိမ်းစုစီပုဒ်​မဖြင့် တရားရင်​ဆိုင်​​နေရသည့် လူငယ်​ ၅ ဦး တတိယအကြိမ်​ ရုံးထုတ်
DVB
·
January 10, 2018
ငြိမ်းစုစီပုဒ်​မဖြင့် တရားရင်​ဆိုင်​​နေရသည့် လူငယ်​ ၅ ဦး တတိယအကြိမ်​ ရုံးထုတ်
Donate to DVB

 

ကရင်​နီအမျိုးသားတိုးတက်​​ရေပါတီ KNPP ရဲ့ ​ရဲ​ဘော်​ ၃ ဦးနဲ့ အရပ်​သား​ ၁ ဦး ​သေဆုံးမှုအ​ပေါ် အမှုမှန်​​ပေါ်​ပေါက်​ဖို့ လွိုင်​​ကော်​မြို့မှာ​ ဆန္ဒပြ​​​တောင်းဆိုခဲ့တဲ့အတွက် လူငယ်​ ၅ ဦးဟာ ငြိမ်းစုစီပုဒ်​မ ၁၉ အရ တရားရင်​ဆိုင်​​နေရပြီး ဒီနေ့ မနက်​က  လွိုင်​​ကော်​မြို့နယ်​ တရားရုံးမှာ တတိယအကြိမ်​ ရုံးထုတ်​​စစ်​​ဆေး​ပါတယ်​။

ကရင်​နီအမျိုးသားတိုးတက်​​ရေးပါတီ KNPP ရဲ​ဘော်​ ၃ ဦးနဲ့ အရပ်​သား ၁ ဦးကို ​ကယားပြည်​နယ်​ ​ဒေသကွပ်​ကဲမှု စစ်​ဌာနချုပ်​(ဒကစ) လွိုင်​​ကော်​ လက်​​အောက်​ခံတပ်က ဒီဇင်​ဘာလ ၂၀ ရက်​​နေ့မှာ သတ်​ဖြတ်​ခဲ့တယ်​လို့ သိရပါတယ်​။ ဒီကိစ္စအ​ပေါ် တပ်​မ​တော်​ရဲ့ လုပ်​ရပ်​ရှုတ်​ချ​ကြောင်း လူငယ်​ ၂၀ ​လောက်​က လွိုင်​​ကော်​မြို့မှာ ဆန္ဒပြခဲ့တဲ့အတွက်​ ဦး​ဆောင်​သူ လူငယ်​ ၅ ဦး ခုလို တရားစွဲခံရတာပါ။

အခုအကြိမ်​ လူငယ်​ ၅ ဦးကို ရုံးထုတ်​စစ်​​ဆေးချိန် ​တရားရုံး​ရှေ့မှာ လုံခြုံ​ရေး ပိုပြီးတိုးမြှင့် ချထားခဲ့ပါတယ်​။ ဒီအမှုကို တရားသူကြီးက အပြီးအမိန့်​မချမှန်​ခဲ့ဘဲ လာမယ့် ဇန်​နဝါရီလ ၁၂ ရက်​​နေ့တွင်​ ရုံးချိန်းပြန်​လည်​ ​ခေါ်ယူထားပါတယ်​။

ဗမာနိုင်​ငံလုံဆိုင်​ရာ ​ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်​၊ မြန်​မာနိုင်​ငံလုံးဆိုင်​ရာ တိုင်ရင်းသားလူငယ်​များ မဟာမိတ်​ NEYA၊ ရခိုင်​ပြည်​ ​ကျောင်းသား သမဂ္ဂ၊ ကလလတလူငယ်​နဲ့ ကရင်​နီအင်​အားစု စတဲ့ အဖွဲ့ ၆ ဖွဲ့ က လူငယ်​ ၅ ဦးကို တရားစွဲတဲ့အ​ပေါ် ကန့်​ကွက်​ ရှုတ်​ချ​ကြောင်း ​ကြေညာချက်​ထုတ်​ပြန်​ထားပြီး မြန်​မာနိုင်​ငံ တဝန်းရှိ အရပ်​ဘက်​ ၁၆၃ ဖွဲ့က ဒီ​ကြေညာချက်​ ထုတ်​ပြန်​တဲ့အ​ပေါ် ဝန်းရံ​ထောက်​ခံထားတယ်​လို့ သိရပါတယ်​။

သတင်း - ခွန်းတူးတူး​လေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013