DVB Logo
Home
မြန်မာသတင်း
ဖြိုးကိုကိုတင့်ဆန်းကို လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၂ ခုဖြင့် ထပ်မံတရားစွဲ
DVB
·
January 10, 2018
ဖြိုးကိုကိုတင့်ဆန်းကို လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၂ ခုဖြင့် ထပ်မံတရားစွဲ
Donate to DVB

 

နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လက်နက်၊ မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီး ရမိတဲ့ ဖြိုးကိုကိုတင့်ဆန်းကို ဒီကနေ့ ဇန်န၀ါရီလ ၁၀ ရက်နေ့က ဒက္ခိဏခရိုင်တရားရုံးမှာ တတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

အဲဒီရုံးထုတ်မှာတော့ ဖြိုးကိုကိုတင့်ဆန်းကို ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၆၃ နဲ့ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက် အက်ဥပဒေ ပုဒ်မ ၆၃ တွေနဲ့ တရားထပ်မံစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဒက္ခိဏခရိုင်တရားရုံးရဲ့ ဒုတိယတရားသူကြီး ဦးခင်မောင်ထွေးက“ဒီကနေ့ အေလာရဲစခန်းကနဲ့ ဒက္ခိဏရဲစခန်းတွေက မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေတွေနဲ့ တရားထပ်မံစွဲဆိုတာပေါ့”လို့ ပြောပါတယ်။

လာမယ့်အပတ် ဗုဒ္ဓဟူးနေ့မှာ စစ်ဆေးမယ့် ရုံးချိန်းမှာတော့ တရားစွဲဆိုထားတဲ့အမှုတွေရဲ့ မျိုးတူတဲ့ပြစ်မှုတွေ ကို ပေါင်းစပ်ဖို့အတွက် တင်ပြခိုင်းထားတယ်လို့ သိရပါတယ်။

“မျိုးတူတဲ့ပြစ်မှုဆိုတာက စောစောက တစ်နှစ်အတွင်းမှာဖြစ်တဲ့ ပြစ်မှုတွေ နှစ်ဖက် လျှောက်လွှဲချက် တင်မယ်ပေါ့ တစ်နှစ်အတွင်းမှာ ဖြစ်တဲ့အမှု တူတယ်ဆိုရင် ပေါင်းလို့ရတယ်လို့ ဥပဒေမှာ ပြဌာန်းထားတယ်။ အဲဒီအပေါ်မှာ နှစ်ဖက် လျှောက်လွဲချက်တင်ကျဖို့ပေါ့”လို့ ဦးခင်မောင်ထွေးက ပြောပါတယ်။

ဖြိုးကိုကိုတင့်ဆန်းနဲ့အတူ ပါဝင်ပတ်သက်သူ (၇) ဦး (ဖြိုးကိုကိုတင့်ဆန်းပါ ၃ ဦး၊ ဖြိုးကိုကိုတင့်ဆန်းပါ ၂ ဦး အစရှိသဖြင့်) ကို ပထမအကြိမ် ရုံးထုတ်နဲ့ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးမှုတွေမှာ မူး/စိတ် ဥပဒေ ပုဒ်မ ၁၅/ ၁၆ (ဂ)/ ၂၀ ၊ လက်နက် ဥပဒေပုဒ်မ ၁၉ (စ)၊ လက်နက်အက်ဥပဒေ ၁၉ (က)/ ၁၉ (စ)၊ မူး/စိတ် ဥပဒေ ပုဒ်မ ၁၅/ ၁၉ (က)/ ၂၀ ၊ နိုင်ငံတော်အထိမ်းအမှတ် တံဆိပ် ပုဒ်မ ၇ ၊ သွင်းကုန်ပို့ကုန် ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ တွေနဲ့ တရားစွဲဆိုထားခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013