DVB Logo
Home
မြန်မာသတင်း
ABSDF အဖွဲ့က ၂၁ ရာစုပင်လုံ အကြိုလူထုဆွေးနွေးပွဲ မုံရွာမြို့၌ ကျင်းပ
DVB
·
January 10, 2018
ABSDF အဖွဲ့က ၂၁ ရာစုပင်လုံ အကြိုလူထုဆွေးနွေးပွဲ မုံရွာမြို့၌ ကျင်းပ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)က ဦးဆောင်ပြီး ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး အကြိုလူထုဆွေးနွေးပွဲကို ဇန်နဝါရီ၁၀ ရက်ကနေ ၁၁ ရက်ထိ ၂ရက်တာ ကျင်းပနေပါတယ်။

ဒီလို လူထုအစည်းအဝေးပွဲတွေကနေတဆင့် လူထုရဲ့ သဘောထားတွေကို ပြည်ထောင်စုအဆင့် အစည်းအဝေးတွေမှာ တင်သွင်းနိုင်ဖို့ ရည်ရွယ်ပြီး တိုင်းဒေသကြီး ၇ ခုမှာ ပြုလုပ်နေတာပါ။

အခုလို ကျင်းပနေတဲ့ လူထုဆွေးနွေးပွဲတွေမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အနေနဲ့ အန်စီအေရဲ့ မူဘောင်အရ အဓိကကဏ္ဍကြီး ၅ ခုဖြစ်တဲ့ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင် စတဲ့ ကဏ္ဍတွေထဲက နိုင်ငံရေးကဏ္ဍကိုသာ အဓိကထားဆွေးနွေးသွားမှာလည်းဖြစ်ပါတယ်။

ဒီလိုနိုင်ငံရေးကို အဓိကထားဆွေးနွေးရတာက အဓိကကျတဲ့ နိုင်ငံရေးရဲ့ အခြေခံမူတွေ ကျဖို့အတွက် အရေးကြီးတာကြောင့်ဖြစ်ပြီး EAO တွေကနေ အဆိုပြုတင်သွင်းသွားမယ့် အခြေခံမူ ၁၀ ချက်နဲ့ပတ်သက်ပြီး ဆွေးနွေးသွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုကော်မတီဝင် ရဲဘော်သူရက ဒီဗွီဘီကိုပြောပါတယ်။

မုံရွာမြို့မှာ ၂ ရက်တာကျင်းပတဲ့ လူထုဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းအတွင်းက အဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်တွေ၊ မုံရွာတက္ကသိုလ် ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)က ကျောင်းသားတွေ တက်ရောက်ဆွေးနွေးနေကြပါတယ်။

ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက“ပြည်တွင်းစစ်ကို နှစ်၇၀ ဝန်းကျင်ရှိလာပြီဖြစ်ပြီး တယောက်နဲ့တယောက် သတ်ဖြတ်နေတာနဲ့တင် တိုင်းပြည် တည်ဆောက်ရေးကို တခါမှ မလုပ်နိုင်ဘူး။ တိုင်းပြည်က ပြည်တွင်းစစ်နဲ့ စတယ်။ အခုချိန်ထိ ပြည်တွင်းစစ်နဲ့ အဆုံးမသတ်နိုင်ဘူး။ ငြိမ်းချမ်းရေးကို မလွဲမသွေ တည်ဆောက်မှရမယ်။ တည်ငြိမ်အောင် လုပ်မှရမယ်။ လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေ၊ ပြည်တွင်းစစ်တွေကို အမြန်ဆုံးရပ်ဖို့ လိုပါတယ်။ ဘယ်ဘက်က မှားခြင်း၊ မှန်ခြင်း ဆိုတာထက် လက်တွေ့အရ မြေပြင်ပေါ်မှာ ချက်ချင်းရပ်ဖို့လိုပါတယ်”လို့ အဖွင့်စကားမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) အနေနဲ့ ၂၀၁၅ ခုနှစ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့အတူ အန်စီအေ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013