DVB Logo
Home
မြန်မာသတင်း
ကွမ်းစိုက်တောင်သူများ ယခုနှစ် ရာသီအစတွင် ကွမ်းရွက်ဈေးကောင်းရရှိ
DVB
·
January 10, 2018
ကွမ်းစိုက်တောင်သူများ ယခုနှစ် ရာသီအစတွင် ကွမ်းရွက်ဈေးကောင်းရရှိ
Donate to DVB

မွန်ပြည်နယ် သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ အနီးအနားရှိကွမ်းစိုက်တောင်သူတွေအနေနဲ့ ယခုနှစ်​ရာသီအစမှာ ​အမြင့်ဆုံးဈေးအ​နေအထားထိ ဈေးကောင်းရရှိခဲ့တဲ့အတွက်ကြောင့် ကွမ်းခြံစိုက်ေ​တာင်​သူတွေ ဝင်​​ငွေ​ကောင်းနေတယ်လို့ သိရပါတယ်။

၂၀၁၇ ​သင်္ကြန်​ကာလ​နောက်​ပိုင်းမှစပြီး ကွမ်းရွက်​​ဈေးတွေ ဆက်​တိုက်​ကျဆင်း​ခဲ့ရာက ဇူလိုင်​လကုန်​ပိုင်းမှ စတင်​ကာ တဖြည်းဖြည်း ပြန်​လည်​မြင့်တက်​လာခဲ့ပြီး ယခုနှစ်စပိုင်းမှာ ကွမ်းရွက်​​ဈေး ​တ​ပိဿာလျှင်​ ၈၀၀၀ ကျပ်​အထိ​ ဈေးနှုန်းမြင့်တက်​ခဲ့ကြောင်း သထုံမြို့နယ်ရှိ ကွမ်းရွက်​စိုက်ပျိုး တောင်သူတွေက ပြောပါတယ်။

သုဝဏ္ဏဝတီမြို့မှ ကွမ်းစိုက်​​တောင်​သူတဦးဖြစ်တဲ့ ဦးသန်းထွန်းက “ကွမ်းရွက်ဈေးက သင်္ကြန်​​ပြီးကတည်းက​ ဆက်​တိုက်​ကျ​နေ​တော့ အဆင်​မ​ပြေကြဘူး​။ ​​နောက်​ တဖြည်းဖြည်ေ​ဈးပြန်တက်​လာ​တော့လည်း အဆင်​​ပြေတာ​ပေါ့။ ကွမ်းခြံစိုက်​တယ်ဆိုတာက ထီထိုးသလိုပဲ။ မိုးအုံ့လိုက်၊ ​မိုးရွာလိုက်​၊ ပူလိုက်၊ ​​အေးလိုက်​နဲ့ ဆိုရင်​တော့ ကွမ်းက ရာနှုန်းပြည့်မထွက်​ပြန်​ဘူး။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကဆိုရင် ကွမ်းဈေးက မကောင်းလို့ တချို့ခြံသမားတွေမှာ အ​ကြွေးများပြီး ယိုးဒယားအထိ အလုပ်​သွားလုပ်​ရတဲ့အထိတောင် ဖြစ်ဖူးတယ်”လို့ ပြောပါတယ်။

အခုနှစ်မှာ ရာသီအစဖြစ်နေပြီး ကွမ်းရွက်အထွက်နှုန်းမှာလည်း နည်းပါးနေတဲ့အတွက် ဝယ်လိုအားပေါ်မူတည်ပြီး ဈေးနှုန်း အတက်အကျရှိနိုင်ကြောင်း အထွက်နှုန်းပုံမှန်ဖြစ်လာပါက ဈေးနှုန်း ပြန်လည်တည်ငြိမ်နိုင်မှာဖြစ်သလို အခုအချိန်မှာသာ ဈေးကောင်းရရှိနေတာ ဖြစ်တယ်လို့ ဦးသန်းထွန်းက ဆက်လက်ရှင်းပြပါတယ်။

သထုံခရိုင်အတွင်းမှာ ကွမ်းရွက်​ကို နှစ်​စဉ်​ သင်္ကြန်​​နောက်​ပိုင်းမိုးဦးကာလမှာ ​စတင်​ စိုက်​ပျိုး​လေ့ရှိပြီး တန်​​ဆောင်​မုန်းလဆန်းပိုင်းမှစပြီး ​နောက်​နှစ်​ဝါ​ခေါင်​လအထိ ၁၅ ရက်ကို ၁ ကြိမ်​ခူးဆွတ်​နိုင်​ကြောင်းနဲ့ ကွမ်းတိုင်ပေါင်း​ ၃၀၀၀ လောက် စိုက်​ပျိုးထားတဲ့ ကွမ်းခြံတ​ခြံရဲ့ ကုန်​ကျစရိတ်​မှာ ကွမ်းမျိုး၊ ​မြေသြဇာနဲ့ လုပ်​အားခတွေ အပါအဝင် ​စုစု​ပေါင်း ၃၅ သိန်းလောက် ရှိတယ်လို့ ကွမ်းခြံစိုက်ပျိုးသူတွေဆီက သိရပါတယ်။

သထုံမြို့နယ်အတွင်းမှာ ကွမ်းစိုက်တောင်သူပေါင်း ၁၅၀ လောက်ရှိပြီး ထွက်ရှိတဲ့ ကွမ်းရွက်တွေကို ​မြဝတီ၊ ​ကော့ကရိတ်​၊ ​မော်​လမြိုင်​၊ ဒိုက်​ဦး၊ ​ညောင်​​လေးပင်​နှင့် လွိုင်​​ကော်​မြို့တွေအထိ တင်​ပို့​ရောင်းချ​နေရာ ကွမ်းရွက်​ တပိဿာကို ကျပ် ၇၀၀၀မှ ကျပ် ၈၀၀၀ အထိ​ ဈေးနှုန်းမြင့်တက်​ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအောက်ပိုင်းရှိ ကွမ်း​ဈေးကွက်​ဟာ မုံရွာ​ဈေးကွက်​​ပေါ် မူတည်​ကြောင်း၊ မုံရွာက ထွက်ရှိတဲ့ ကွမ်းရွက်မှာ အရွက်​ပါးပြီးနုကာ အောက်ဒေသမှထွက်ရှိတဲ့ ကွမ်းရွက်​မှာ ထူပြီး ကြမ်းကြောင်းနဲ့ လက်ရှိ မုံရွာကွမ်း အထွက်​နည်းတဲ့အချိန်​ဖြစ်ပြီး မြန်မာပြည်အောက်ပိုင်းရှိ ကွမ်းရွက်တွေ ဈေးကောင်းရနေတာဖြစ်ကြောင်း သုဝဏ္ဏဝတီမြို့ရှိ ကွမ်း​ရွက်​​ရောင်းဝယ်​​ရေးဒိုင်က သိရပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013