DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးချုပ်သစ် ခန့်အပ်ရန် ဧရာဝတီတိုင်း လွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူ
DVB
·
January 10, 2018
ဝန်ကြီးချုပ်သစ် ခန့်အပ်ရန် ဧရာဝတီတိုင်း လွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးမှာ လစ်လပ်သွားတဲ့ ဝန်ကြီးချုပ်နေရာ အစားထိုး ခန့်အပ်နိုင်ဖို့ ဇန်န၀ါရီ ၁၅ ရက်မှာ တိုင်းဒေသကြီးလွှတ်တော် ကျင်းပဖို့ လွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။

ဒီနေ့မှာပဲ ဝန်ကြီးချုပ် မန်းဂျော်နီ အပါအဝင် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းတို့ကို ရာထူးကနေ ဆန္ဒအလျေက် နုတ်ထွက်ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတရုံးကနေ ထုတ်ပြန်ခဲ့တာပါ။

ဒါကြောင့် ဝန်ကြီးချုပ် နေရာအစားထိုး ခန့်အပ်ဖို့ နိုင်ငံတော်သမ္မတဆီက အဆိုပြုလာတာတွေကို တိုင်းဒေသကြီး လွှတ်တော်အနေနဲ့ စိစစ်အတည်ပြုတာတွေ လုပ်ပေးရမှာဖြစ်တဲ့အတွက် လွှတ်တော်ကို အမြန်ခေါ်ယူရတာလို့ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောပါတယ်။

ဝန်ကြီးချုပ်နေရာအတွက်ကတော့ လူမှုရေးဝန်ကြီး တာဝန်ယူထားတဲ့ ရေကြည် မဲဆန္ဒနယ်အမှတ် ၂ ကအနေအနိုင်ရတဲ့  ဒေါက်တာလှမြတ်သွေးကို ခန့်အပ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

ဒေါက်တာလှမြတ်သွေးဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာအနိုင်ရခဲ့ပြီး ပြီးခဲ့တဲ့ ပထမအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်သက်တမ်းကာလက တဦးတည်းသော  အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။

သတင်းဌာနအချို့ကလည်း ဝန်ကြီးချုပ်နေရာအတွက် အမျိုးသမီးတဦးကို ခန့်ထားမှာ ဖြစ်တယ်လို့  အန်အယ်လ်ဒီ ပါတီရဲ့ တာဝန်ရှိသူတွေရဲ့ ဖြေကြားမှုတွေ ကိုးကားဖော်ပြကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013