DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့နယ်တွင် တရားမဝင် သစ်ခိုးထုတ်မှု ပိုမိုများပြားလာ
DVB
·
January 10, 2018
ဖြူးမြို့နယ်တွင် တရားမဝင် သစ်ခိုးထုတ်မှု ပိုမိုများပြားလာ
Donate to DVB

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်အတွင်း တရားမဝင်သစ်ခိုးထုတ်မှုမှာ ၂၀၁၇ နှစ်မှာ ၂၀၁၆ ခုနှစ်ထက် ပိုမိုမြင့်တက်လာတယ်လို့ ဖြူးမြို့နယ်သစ်တောဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပဲခူးရိုးမ သစ်ထုတ်လုပ်မှုကို ၂၀၁၆ မှ စတင်ကာ ၁၀ နှစ် ရပ်ဆိုင်းလိုက်ပြီးနောက် တရားမဝင် သစ်ခိုးထုတ်မှုတွေ ပိုမိုများပြားလာတာဖြစ်ပြီး အလုပ်အကိုင် ရှားပါးတာကြောင့် ဒီလုပ်ငန်းကို မှီခိုလုပ်ကိုင်နေကြတာလို့ ဖြူးမြို့နယ်သစ်တောဦးစီဌာန ဦးစီးမှူး ဦးဇော်လင်းက ပြောပါတယ်။

“အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာတော့ အခြားလုပ်ငန်း အစားထိုးဖို့နေရာတွေ မရှိတဲ့အတွက် ဒီလုပ်ငန်းက ငွေရလွယ်တယ်။ ပြီးတော့ ကာယအားကိုးပြီး လုပ်ရတဲ့လုပ်ငန်း ဖြစ်တဲ့အတွက် ပညာတတ်ဖို့လည်း မလိုဘူး။ ဉာဏအားလည်း စိုက်ထုတ်စရာမလိုဘဲ ကာယအား စိုက်ထုတ်တဲ့ လူတန်းစား တော်တော်များများက ဒီလုပ်ငန်းအပေါ်မှာမှီပြီး ရပ်တည်နေကြတယ်လို့ မြင်တယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ မရတဲ့အတွက် ငွေရလွယ်တဲ့ ဒီလုပ်ငန်းအပေါ် မှီနေတဲ့အတွက် များလာတယ်လို့ မြင်တယ်။”

သစ်တောပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်လို့ ၂၀၁၇ ကစပြီး  ၁၀ နှစ် စီမံကိန်း ဆောင်ရွက်နေရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ငွေရေးကြေးရေးတွေ ဖြည့်ဆည်းပေးတာကြောင့် စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီတိုင်း ၃ တိုင်းမှာ စိုက်ခင်းတွေ ၉၀ ရာခိုင်နှုန်းအထက်မှာ အောင်မြင်တယ်လို့ သိရပါတယ်။

ဖြူးမြို့နယ်အတွင်းမှာ တရားမဝင်သစ်တွေ ဖမ်းဆီးရာမှာ ပိုင်ရှင်မဲ့အဖြစ်သာ ဖမ်းမိတာတွေ များပြီး သွားလာရ ခက်ခဲတဲ့နေရာတွေနဲ့ အများသူငှာ ဝင်ထွက်သွားလာနိုင်တဲ့ နေရာတွေမှာသာ ဖမ်းမိတာကြောင့် အဓိကတရားခံတွေကို ဖမ်းမမိတာလို့ ဆိုပါတယ်။

“တောထဲမှာ ဖမ်းဆီးရတာ များတဲ့အတွက် တောထဲဆိုတော့ ကိုယ်ပိုင်အဆောက်အအုံ မဟုတ်ဘူး။ အများသူငှာ ဝင်ထွက်သွားလာလို့ ရတဲ့နေရာတွေမှာ ဝင်ရောက်ဖမ်းဆီးရတဲ့အတွက် ပိုင်ရှင်နဲ့ အတူတကွ ဖမ်းဆီးဖို့ရာ အင်မတန်ခဲယဉ်းပါတယ်။ ဝင်လာပြီးဆိုတာ အသံကြားလိုက်တာနဲ့ အလွယ်တကူ ရှောင်တိမ်းလို့ရတာ ဖြစ်တဲ့အတွက် ပိုင်ရှင်မဲ့တွေပဲ ဖမ်းမိတာ ဖြစ်တယ်။ မြို့ပေါ်မှာ ဝင်ရောက် ဖမ်းဆီးတာနည်းပြီး တောထဲမှာ ဝင်ရောက် ဖမ်းဆီးတာ များတာကြောင့် ပိုင်ရှင်မဲ့တွေ များတာဖြစ်တယ်"လို့ ဖြူးသစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်လင်းက ပြောပါတယ်။

၂၀၁၅-၂၀၁၆ ခုနှစ်မှာ သစ်မာအမျိုးအစားသစ်တွေကို အများဆုံး ဖမ်းမိခဲ့ပြီး တရားမဝင် သစ်ထုတ်လုပ်မှု ၈၉ မှု ဖမ်းမိခဲ့ရာမှာ သစ်မျိုးစုံစုစုပေါင်း ၁၄၆ ဒသမ ၁၄၂၅ တန် ဖမ်းမိခဲ့ပါတယ်။

၂၀၁၆-၂၀၁၇ နှစ်ကုန်ပိုင်းအထိ ဖမ်းဆီးရမိတဲ့အမှု ၁၂၂ မှု အထိရှိခဲ့ပြီး သစ်မျိုးစုံ စုစုပေါင်း ၃၂၂ ဒသမ ၇၂၂၉ တန် ဖမ်းဆီးရမိထားတယ်လို့ သစ်တောဌာနက သိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013