DVB Logo
Home
မြန်မာသတင်း
ပြည်​ပရောက်မြန်မာနိုင်ငံသားမိဘ​များမှမွေးသည့် ကလေးများမွေးစာရင်းလုပ်နိုင်ရန် ဖြေလျှော့ပြင်ဆင်
DVB
·
January 10, 2018
ပြည်​ပရောက်မြန်မာနိုင်ငံသားမိဘ​များမှမွေးသည့် ကလေးများမွေးစာရင်းလုပ်နိုင်ရန် ဖြေလျှော့ပြင်ဆင်
Donate to DVB

 

ပြည်ပနိုင်ငံတွေရောက် မြန်မာနိုင်ငံသား တိုင်းရင်းသား မိဘ​တွေက မွေးဖွားတဲ့ ကလေးတွေကို မွေးစာရင်းပြုလုပ်ရာမှာ အခက်အခဲမရှိစေဖို့ မွေးဖွားမှုနဲ့ သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လက်စွဲစာအုပ်ကို ဖြေလျှော့ပြီး ပြန်လည်ပြင်ဆင်ထားတယ်လို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန (​နေပြည်​​တော်​)တာဝန်ရှိသူက ပြောပါတယ်။

ဇန်နဝါရီ ၉ ရက် မနက် က ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာ ပြုလုပ်တဲ့ မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းစနစ် ဖွံ့ဖြိုးတိုးတက်စေဖို့ ပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြောပါတယ်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာချစ်တင်က “အဲဒါကို ဖြေလျှော့တဲ့အနေနဲ့ အခု တခြားကနေ မွေးခဲ့ပေမယ့်လည်း မြန်မာနိုင်ငံသား တိုင်းရင်းသား မိဘတွေကနေ မွေးတယ်။ မွေးပြီးတော့ ဒီနိုင်ငံမှာ နေတယ်ဆိုတဲ့ အထောက်အထား ရှိတယ်ဆိုရင် ကျမတို့ ထုတ်ပေးဖို့ပေါ့။ ဖြေလျှော့ ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပြည်ပနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ရင်း မွေးဖွားခဲ့တဲ့ ကလေးတွေအတွက် ပြန်လာပြီး မွေးစာရင်း ပြုလုပ်တဲ့အခါမှာ အခက်အခဲတွေ ရှိနေတယ်လို့ ဘားအံမြို့နယ်၊  ရွှေတော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစောဘမြင့်က ပြောပါတယ်။

“သူတို ကြီးလာမှ ပြန်လာတယ်။ မွေးစာရင်း လုပ်ချင်တယ်ဆိုတော့လည်း အဲဒါ အခက်အခဲ ရှိတာပေါ့။ အဓိကကတော့ ကျနော်တို့ရဲ့ ထောက်ခံချက်တွေ၊ သားဖွားဆရာမတွေရဲ့​ ထောက်​ခံချက်တွေက အဓိကပေါ့နော်။ ဆရာမတွေ မွေးစာရင်း ထုတ်ပေးလိုက်မယ်။ ကျေနော်တို့လည်း ထောက်ခံပေးလိုက်မယ်ဆိုရင်တော့ အဆင်ပြေသွားမှာပါ။”

ဒေသခံတိုင်းရင်းသား​တွေ ပြည်​ပနိုင်​ငံမှာ အလုပ်​လုပ်​ကိုင်​ရင်း ​မွေးဖွားခဲ့တဲ့ က​လေး​တွေအတွက်​ မွေးဖွားစာရင်း ပြန်​လည်​ဝင်​ရောက် လုပ်​​​ဆောင်​တဲ့​နေရာမှာ ​​ဖြေ​လျှော့မှု​တွေ ရှိတဲ့အတွက်​ ပိုမိုလုပ်​ကိုင်​ရ အဆင်​​ပြေမှာပါလို့ မိခင်​တ​ဦးက ​ပြောပါတယ်​။

အလုပ်ရုံဆွေးနွေးပွဲကို ပြည်သူတွေအနေနဲ့ မွေးဖွားမှု၊ သေဆုံးမှု မှတ်ပုံတင် လက်မှတ်​တွေ ထုတ်ယူရမယ် ဆိုတာကို နားလည် သ​ဘော​ပေါက်​​အောင်၊ ဘယ်​မှာ ထုတ်​ယူရမယ်​ဆိုတာ သိရှိဖို့နဲ့ မှတ်ပုံတင်ခြင်းရဲ့ အရေးကြီးပုံကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေဖို့ ရည်ရွယ်ပြီး ပြုလုပ်တာပါ။

တနိုင်ငံလုံး အတိုင်းအတာအရ မွေးဖွားမှု မှတ်ပုံတင်ခြင်းကို ၈၂ ရာခိုင်နှုန်းနဲ့ သေဆုံးမှု မှတ်ပုံတင်ခြင်းကို ၅၇ ရာခိုင်နှုန်းသာ ဆောင်ရွက်နိုင်ခဲ့ပြီး၊ ၂၀၁၇ ခုနှစ်က စတင်ပြီး မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်မှာရှိတဲ့ မြို့နယ် ၁၄ မြို့နယ်ကို စာရင်းကောက်ခံခဲ့ပါတယ်​။

၂၀၁၈ ခုနှစ်မှာ ကျန်ပြည်နယ်နဲ့ တိုင်းဒေသကြီး​တွေမှာရှိတဲ့ မြို့နယ် ၃၄ မြို့နယ်ကို တိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် တနိုင်ငံလုံး ကိုယ်စားပြု သေဆုံးမှုစာရင်း၊ သေဆုံးရတဲ့ အကြောင်းအရင်းကို ပြည့်စုံမှန်ကန်စွာ အချိန်နဲ့တပြေးညီ ရရှိနိုင်မယ်လို့ ဒုညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း စီမံချက်ရေးဆွဲပြီးေ​မွးဖွားမှု၊ သေဆုံးမှု မှတ်ပုံတင်ခြင်းကို လုပ်ငန်းထိရောက်ပြီး၊ အကောင်အထည်ဖော် လုပ်​ဆောင်နိုင်ဆုံး ဝန်​ထမ်းကို ဂုဏ်ပြုချီးမြှင့်သွားဖို့ ပြည်​သူ့ကျန်းမာ​ရေးဦးစီးဌာနက စီမံ​ဆောင်​​ရွက်​နေပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013