DVB Logo
Home
မြန်မာသတင်း
မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဟု သမ္မတခန့်မှန်း
DVB
·
January 10, 2018
မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဟု သမ္မတခန့်မှန်း
Donate to DVB

 

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၆ ဒသမ ၈ ရာခိုင်နှုန်းရှိမယ်လို့ နိုင်ငံတော်သမ္မတက မနေ့က နေပြည်တော် သမ္မတအိမ်တော် အစည်းအဝေး ခမ်းမမှာ ကျင်းပတဲ့ အမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေးမှာ ခန့်မှန်းပြောပါတယ်။

အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က "လက်ရှိနိုင်ငံရဲ့ စီးပွားရေးဟာ အရှိန်အဟုန်နဲ့ မတိုးတက်သော်လည်း စိုက်ပျိုးချိန်နဲ့ ရိတ်သိမ်းချိန်များမှာ ရာသီဥတုကောင်းမွန်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာခြင်းနဲ့အတူ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေရဲ့ ထုတ်လုပ်မှုတွေ၊ ပို့ဆောင်ရေးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဆက်သွယ်ရေး၊ ငွေရေးကြေးရေးနဲ့ အခြား ဝန်ဆောင်မှုတွေနဲ့ ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းတွေ ပိုမိုကောင်းမွန်လာခြင်းစတဲ့ အချက်တွေအရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ရဲ့ စီးပွားရေးတိုး တက်မှုနှုန်းကို ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိမယ်”လို့ ခန့်မှန်းပြောကြားပါတယ်။

ဒါ့အပြင် နိုင်ငံတစ်ဝန်းလုံးမှာ လမ်းကွန်ရက်တွေ ကောင်းမွန်လာတာကြောင့် ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်ရေး၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတွေ၊ ဘဏ္ဍာရေး ဝန်ဆောင်မှုနဲ့ ငွေကြေးဝန်ဆောင်မှုတွေ ပိုမိုတိုးတက်ဖြစ်ထွန်း ကောင်းမွန်လာမယ်လို့ မျှော်မှန်းထားတာကြောင့် လာမယ့်ဘဏ္ဍာရေးနှစ် ပြောင်းလဲရေးကာလဖြစ်တဲ့ ၂၀၁၈ ခုနှစ် ဧပြီလကနေ စက်တင်ဘာအထိ (၆) လအတွက် အမျိုးသားစီမံကိန်းမှာ နိုင်ငံရဲ့ GDP ကို ၇ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်မယ်လို့ မျှော်မှန်းထားတယ်လို့လည်းပြောပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေစီးဝင်တာ ငွေကြေးအရင်းအနှီး လိုအပ်နေတဲ့ စီးပွားရေးအခြေခံလုပ်ငန်းတွေကို နှစ်လတ်ချေးငွေတွေ ထုတ်ချေးတာ၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ညှိနှိုင်းပေါင်းစပ်ခြင်းတွေကို ဆောင်ရွက်ပေးနေတာဖြစ်လို့ အသေးစားနဲ့အလတ်စား စက်မှုလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်မယ့် အလားအလာတွေရှိမယ်လို့ လည်း သမ္မတက မျှော်မှန်းထားပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ မြန်မာနိုင်ငံရဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် စီးပွားရေးတိုးတက်မှုနှုန်းဟာ လတ်တလော ရခိုင်ပြည်နယ်ရဲ့လုံခြုံရေးယိုယွင်းဆိုးရွားလာနေပြီး ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်မှုကို ထိခိုက်လာနိုင်တဲ့ အခြေအနေမှာ ၆ဒဿမ၄ ရာခိုင်နှုန်းနဲ့ တိုးတက်မယ်လို့ ခန့်မှန်းထားပြီး ငွေကြေးဖောင်းပွမှုနှုန်းက ၅ဒဿမ ၂ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းပါတယ်။

ဓာတ်ပုံ-သမ္မတရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013