DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းထောက် ၂ ဦးကို ချက်ချင်းပြန်လွှတ်ပေးရန်ဆန္ဒပြ
DVB
·
January 10, 2018
ရိုက်တာသတင်းထောက် ၂ ဦးကို ချက်ချင်းပြန်လွှတ်ပေးရန်ဆန္ဒပြ
1 / 7
Donate to DVB

 

ရိုက်တာသတင်းဌာနက သတင်းထောက် ကိုဝလုံးနဲ့ ကိုမိုးအောင်တို့ကို အစိုးရလျှို့ဝှက်အက်ဥပဒေနဲ့ ဖမ်းဆီးထားတာကို ကန့်ကွက်တဲ့အနေနဲ့ မြန်မာ သတင်းသမားများ ကာကွယ်ရေးကော်မတီ (PCMJ) က ဦးဆောင်ပြီး ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးအနီး ဒီကနေ့ မနက်က ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ သတင်းသမားတွေအပြင် လူမှုအဖွဲ့အစည်းတွေ၊ ပြည်သူတွေလည်း ပူးပေါင်း ပါဝင်ကြတာတွေ့ရပြီး "မတရားဖမ်းဆီးထားသော သတင်းထောက်များ ချက်ချင်းလွှတ်" ဆိုတဲ့ စာသားပါတဲ့ တီရှပ်အမဲရောင်အင်္ကျီတွေကို ဆင်တူတွေကိုဝတ်ပြီး ဆန္ဒပြ ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်အက်ဥပဒေနဲ့ မတရားဖမ်းဆီးထားရတဲ့ သတင်းထောက် နှစ်ယောက်ကို ၂၀၁၇ ဒီဇင်ဘာ ၂၇ ရက်က ပထမဆုံးအကြိမ်အဖြစ် မင်္ဂလာဒုံ မြို့နယ်တရားရုံး ရုံးထုတ်ခဲ့တဲ့အချိန်မှာ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်တွေက သတင်းသမားအလုပ်ကိုပဲ လုပ်ခဲ့တာကြောင့် အပြစ်မရှိဘူးလို့ သတင်းသမားတွေကို ပြောဆိုထားတာရှိပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ယောက်နဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်ကလည်း ထောင်ပြီး ဖမ်းဆီးခံရခြင်းသာဖြစ်ကြောင်း ပြောဆိုထားသလို မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကလည်း စိုးရိမ်ကြောင်း ပြောဆိုထားပါတယ်။

၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်ညက ထောက်ကြန့်နယ်မြေရဲစခန်းက အရေးကြီးလုံခြုံရေး စာရွက်စာတမ်းတွေကို တရားမဝင် သတင်းရယူဆောင်ရွက်ခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေနဲ့   သတင်းထောက် နှစ်ယောက်ကိုထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

စာရွက်စာတမ်းတွေနဲ့ပတ်သက်လို့လည်း ဖမ်းဆီးခံထားရတဲ့ ကိုဝလုံးအမျိုးသမီးက ရဲတွေကပဲ ပေးလိုက်တဲ့ စာရွက်စာတမ်းတွေဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013