DVB Logo
Home
မြန်မာသတင်း
ပြည်နယ်နှင့်တိုင်း အသုံးစရိတ် ကျပ် ၃၄ ဘီလီယံကျော်  စိစစ်လျှော့ချနိုင်
DVB
·
January 9, 2018
ပြည်နယ်နှင့်တိုင်း အသုံးစရိတ် ကျပ် ၃၄ ဘီလီယံကျော်  စိစစ်လျှော့ချနိုင်
Donate to DVB

 

ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ ငွေလုံးငွေရင်းအသုံးစရိတ်တွေကနေ ငွေ ကျပ် ၃၄ ဒသမ ၇၁၃ ဘီလီယံ  စိစစ်လျှော့ချနိုင်ခဲ့တယ်လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ထုတ်ဖော်ပြောကြား လိုက်ပါတယ်။

နေပြည်တော်၊ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမမှာ ဇန်န၀ါရီ ၉ရက်က ကျင်းပတဲ့  ဘဏ္ဍာရေးကော်မရှင်  အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပါတယ်။

(၆)လအတွင်း အမှန်တကယ်ကုန်ကျနိုင်မယ့် လစာနဲ့ စရိတ် ချီးမြှင့်ငွေ၊ ခရီးသွားလာစရိတ်၊ စက်သုံးဆီစရိတ်၊ ပြင်ဆင်ထိန်းသိမ်းစရိတ်၊ စက်ပစ္စည်းဝယ်ယူတဲ့ ငွေလုံးငွေရင်း အသုံးစရိတ်၊ တည်ဆောက်ရေးလုပ်ငန်းသစ်တွေနဲ့ ဆက်စပ်တဲ့ ပရိ ဘောဂ၀ယ်ယူတာ၊ မော်တော်ယာဉ်အသစ်ဝယ်ယူတာ စတဲ့  အသုံးစရိတ်တွေကို စိစစ်လျှော့ချခဲ့တာလို့ ဒုသမ္မတက ပြောပါတယ်။

စိစစ်လျှော့ချပြီးနောက် ဖြစ်ပေါ်လာတဲ့ တိုင်းဒေသကြီး/ပြည်နယ်တွေရဲ့ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွက် အရအသုံးခန့်မှန်းခြေငွေစာရင်း အချုပ်မှာ စုစုပေါင်းရငွေ ကျပ် ၃၇၆ ဒသမ ၇၄၃ ဘီလီယံ စုစုပေါင်းအသုံးစရိတ် ကျပ် ၁၁၉၅ ဒသမ ၈၂၀ ဘီလီယံနဲ့ လိုငွေ ကျပ် ၈၁၉ ဒသမ ၀၇၇ ဘီလီယံ ရှိတယ်လို့သိရပါတယ်။

အစည်းအဝေးမှာ ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီး ဦးကျော်ဝင်းက ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လအတွက် ပြည်ထောင်စု၏အရ အသုံးခန့်မှန်းခြေငွေစာရင်းနဲ့  ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းတို့ကို ဘဏ္ဍာရေးကော်မရှင်က အတည်ပြုပေးဖို့ ရှင်းလင်းတင်ပြခဲ့တယ်လို့ သမ္မတရုံး ထုတ်ပြန်ချက်အရသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013