DVB Logo
Home
မြန်မာသတင်း
ရပ်ထားသည့် ၁၂ ဘီးကားနောက်ကို ဆိုင်ကယ်ဖြင့် ဝင်တိုက်သည့်  ၈ တန်းကျောင်းသား သေဆုံး
DVB
·
January 9, 2018
ရပ်ထားသည့် ၁၂ ဘီးကားနောက်ကို ဆိုင်ကယ်ဖြင့် ဝင်တိုက်သည့်  ၈ တန်းကျောင်းသား သေဆုံး
Donate to DVB

ရန်ကုန်-မန္တလေး လမ်းဟောင်းမိုင်တိုင် ၃၆၄/၄နဲ့ ၅ အကြား ဝမ်းတွင်းမြို့နယ်မှာ  ဇန်နဝါရီ ၈ ရက်ညက စက်ချို့ယွင်းပြီး ရပ်ထားတဲ့ ၁၂ ဘီးကားနောက်ပိုင်းကို ဆိုင်ကယ်နဲ့ ဝင်တိုက်မိခဲ့လို့ ၈ တန်းကျောင်းသား ၁ ဦးသေဆုံးသွားတယ်လို့ ရွှေတောင်ရွာ ရဲစခန်းတာဝန်မှူး ရဲအရာရှိက ပြောပါတယ်။

ဝမ်းတွင်းမြို့ဘက်က ပြန်လာတဲ့ ညောင်ပင်လှရွာနေသူ အသက် ၁၃ နှစ်အရွယ် ၈ တန်းကျောင်းသား သီဟထွန်းမောင်းပြီး နောက်ခုံမှာ အကိုဖြစ်သူ ကျော်မျိုးအောင် စီးလာတဲ့ ဆိုင်ကယ်က စက်ချို့ယွင်းရပ်ထားတဲ့ ၁၂ဘီးကားနောက်ပိုင်းကို အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်မိတာပါ။

အခင်းဖြစ်တဲ့နေရာမှာပဲ သီဟထွန်းသေဆုံးပြီး အကိုဖြစ်သူ ဒဏ်ရာရသွားတယ်လို့ ရွှေတောင်ရွာရဲစခန်းက ပြောပါတယ်။

ရွှေတောင်ရွာရဲစခန်းစခန်းမှူး ရဲအုပ်ကျော် ‎နိုင်စိုးက “၁၂ ဘီးကားက ပျက်လို့ ရပ်ထားတာ။ ၂ ရက်လောက်ရှိနေပြီ။ ဆိုင်ကယ်အရှိန်များပြီး လမ်းဘေးကျတာကို ပြန်ဆွဲအတင်မှာ ကားနောက်ပိုင်း ထောင့်ကို တိုက်မိတယ်။ ညီအစ်ကို ၂ယောက်လုံး ဦးခေါင်းပိုင်းတွေ ဒဏ်ရာရတယ်။ သီဟထွန်းကတော့ နေရာတင် သေဆုံးတယ်။ ပရဟိတကွန်ရက်ကားနဲ့ပဲ ဝမ်းတွင်းဆေးရုံ ပို့ပေးရတယ်"လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ် ရွှေတောင်ရွာရဲစခန်းမှာ သီဟထွန်းကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု၊ ပြင်းထန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ နဲ့ (ပ)၃/၂၀၁၈ နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013