DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
January 9, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲက ၁ တန်ကို ငွေကျပ် ၅၅၇,၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကထက် ၁ တန်ကို ၆,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၃၆၈,၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကထက် ၁ တန်ကို ၆,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂၀ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ၁,၃၃၀ ကျပ်ကနေ ၁,၃၅၀ ကျပ် ပေါက်ဈေးရှိပါတယ်။

ပဲလွန်းဖြူ
ပဲလွန်းဖြူကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁,၃၀၀ ကျပ်ကနေ ၁,၄၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၃၅ ကျပ် ဈေးတက်လာပါတယ်။

ကုလားပဲခြမ်း
ကုလားပဲခြမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ၁,၉၂၀ ကျပ်ကနေ ၂,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။

စွန်တာပဲ
စွန်တာပဲကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂,၀၈၅ ကျပ်ကနေ ၂,၁၀၅ ပေါက်ဈေးရှိနေပြီး မနေ့ကထက် ၇၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ပဲကြီး
ပဲကြီးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂,၆၀၅ ကျပ်ကနေ ၂,၇၀၀ ကျပ် ပေါက်ဈေးရှိပြီး မနေ့ကထက် ၁ ပိဿာကို ၉၅ ကျပ် ဈေးတက်လာပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂,၂၀၀ ကျပ်ကနေ ၃,၅၀၀ ကျပ် ပေါက်ဈေးရှိပြီး မနေ့ကထက် ၁ ပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ဖော်ပြပါ သီးနှံဈေးနှုန်းတွေထဲက မတ်ပဲနဲ့ ပဲစင်းငုံကတော့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကတည်းက  ဈေးတွေ မြင့်တက်ခဲ့ပေမယ့် ၂၀၁၈ ဇန်နဝါရီလမှာတော့ တဖြည်းဖြည်း ဈေးက ပြန်ကျဆင်းသွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံက မတ်ပဲတွေ အဝယ်ပြန်လိုက်လာပြီး ပြည်တွင်း ဝယ်လက်တွေကလည်း အဝယ် အနည်းငယ် များလာတဲ့အတွက် ဈေးက မြင့်တက်လာတာ ဖြစ်ပါတယ်။

လက်ရှိမှာ မတ်ပဲ အသစ်တွေလည်း ဈေးကွက်အတွင်း အများအပြား ဝင်ရောက်လာတာတဲ့အတွက် ဈေးက ပြန်လည်ကျဆင်းခဲ့တာ ဖြစ်တယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ တပတ်အတွင်း မတ်ပဲက ၁ တန်ကို ၂၅,၀၀၀ ကျပ် ဈေးကျဆင်းသွားပြီး ပဲစင်းငုံနီကတော့ ၁၂,၀၀၀ ကျပ်နီးပါး ဈေးကျဆင်းသွားပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013