DVB Logo
Home
မြန်မာသတင်း
ဧရာဝတီနှင့် ရခိုင်ဝန်ကြီးချုပ်တို့ ရာထူးမှနုတ်ထွက်ကြောင်း အမိန့်စာအတုထွက်ပေါ်
DVB
·
January 9, 2018
ဧရာဝတီနှင့် ရခိုင်ဝန်ကြီးချုပ်တို့ ရာထူးမှနုတ်ထွက်ကြောင်း အမိန့်စာအတုထွက်ပေါ်
Donate to DVB

 

ဧရာဝတီတိုင်းဝန်ကြီးချုပ်နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့ကို သမ္မတက နုတ်ထွက်ခွင့် ပြုတယ်ဆိုတဲ့ အမိန့်စာအတုတွေ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာ်တွေမှာ ပျံ့နှံ့လာနေပါတယ်။

မကြာသေးခင်ကမှ ဖွင့်ထားတဲ့ ဖေ့စ်ဘွတ်ပေ့ဂ်ျအတုတခုကနေ ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ကို သမ္မတက ရာထူးက နုတ်ထွက်ခွင့်ပြု လိုက်တယ်ဆိုပြီး အမိန့်စာ အတု ၂ခုကို တင်ထားတာတွေ့ရပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံတော်သမ္မတရုံးက အမိန့်ကြေညာစာတခုမှ ထုတ်ပြန်တာ မရှိသေးကြောင်းနဲ့ အတုတွေ ဖြန့်နေတဲ့ ဖေ့စ်ဘွတ်အကောင့်နဲ့ ပေ့ဂ်ျတွေကို သတင်းပို့ပေးဖို့  ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ  ရေးသားလိုက်ပါတယ်။

နိုင်ငံတော်အစိုးရရဲ့ Myanmar President Office, Myanmar State Counsellor Office နဲ့ Information Committee စတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာ တရားဝင်ဖြစ်တဲ့ အမှတ်အသား အပြာမှတ်ပါရှိတာပါ။

ဖေ့ဘုတ်ခ်စာမျက်နှာအတု - https://www.facebook.com/StateCounsellorOfficeInformationCommittee/photos/pcb.518322695207403/518322471874092/?type=3&theater

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013