DVB Logo
Home
မြန်မာသတင်း
စွန့်ပစ်သစ်များမှ လူသုံးကုန်ပစ္စည်း ထုတ်သည့် ပရိဘောဂပြပွဲ ကယားတွင် ကျင်းပ
DVB
·
January 9, 2018
စွန့်ပစ်သစ်များမှ လူသုံးကုန်ပစ္စည်း ထုတ်သည့် ပရိဘောဂပြပွဲ ကယားတွင် ကျင်းပ
1 / 7
Donate to DVB

စွန့်ပစ်သစ်တွေကနေ လူသုံးကုန်ပစ္စည်းအဖြစ် ပရိဘောဂမျိုးစုံ ဖြစ်အောင် ပြန်လည်ဖန်တီးထားတဲ့ ထုတ်ကုန်ပြသပွဲကို ကယားပြည်နယ် ဒီမောဆိုမြို့နယ်မှာ ဇန်န၀ါရီ ၆ ရက်နေ့က ပြုလုပ်သွားခဲ့ပါတယ်။

အခမ်းအနားကို ကယားပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးတွေ၊ ဒေသခံလူထုတွေ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှာ ဒေသထွက်ကုန်တွေကို လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းတွေ ဖန်တီးနိုင်ဖို့ ဒေသအခြေပြု လူငယ်တွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့ အကြောင်းတွေကို ဆွေးနွေးတဲ့ စကားဝိုင်းကိုလည်း ပြုလုပ်ခဲ့ပါတယ်။

RAIN TREE လို့ နာမည်ပေးထားတဲ့ Village Corps Program ကို ၂၀၁၇ ခုနှစ် မေလကတည်းက ဒီမောဆိုမြို့နယ်မှာ စတင်ခဲ့တာဖြစ်ပြီး မြို့နယ်တဝိုက်မှာရှိတဲ့ စွန့်ပစ်သစ်မြစ်တွေကို လူအသုံးအဆောင် ပရိဘောဂပစ္စည်းတွေအဖြင့် ပြန်လည်ဖန်တီးနေတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၅ ရက်မှာ ကျရောက်မယ့် (၆၆) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားမှာလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ခွင့်ပြုချက်နဲ့ ပရိဘောဂပစ္စည်းတွေကို ထပ်မံခင်းကျင်းပြသဖို့အတွက်လည်း စီစဉ်နေပါတယ်။

သတင်း၊ဓာတ်ပုံ - ဉာဏ်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013