DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းထောက် ၂ ယောက်ကို ချက်ချင်းလွှတ်ရန် သမ္မတဟောင်း ကလင်တန် တောင်းဆို
DVB
·
January 9, 2018
ရိုက်တာသတင်းထောက် ၂ ယောက်ကို ချက်ချင်းလွှတ်ရန် သမ္မတဟောင်း ကလင်တန် တောင်းဆို
Donate to DVB

ဖမ်းဆီး အရေးယူခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ယောက်ကို ချက်ချင်း လွှတ်ပေးဖို့ အမေရိကန် သမ္မတဟောင်း ဘေလ်ကလင်တန်က တောင်းဆိုလိုက်ပါတယ်။

သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ တွစ်တာကနေ တောင်းဆိုလိုက်တာဖြစ်ပြီး “လွတ်လပ်တဲ့ လူ့အသိုင်းအဝန်းတခုဖြစ်ဖို့ သတင်းလွတ်လပ်ခွင့်ဟာ အလွန်အရေးပါတယ်။ ဘယ်အရပ် ဘယ်ဒေသမှာဖြစ်ဖြစ် သတင်းထောက်တွေကို ဖမ်းဆီးထားတာဟာ လက်မခံနိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရိုက်တာသတင်းထောက်တွေကို ချက်ချင်း လွှတ်ပေးသင့်ပါတယ်”လို့ ကလင်တန်က ပြောပါတယ်။

သမ္မတ ကလင်တန်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၂ ယောက်မြောက် သမ္မတအဖြစ် ၁၉၉၃ ကနေ ၂၀၀၁ ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ရိုက်တာသတင်းထောက် ကိုဝလုံး(ခ)ကိုသက်ဦးမောင်နဲ့ ကိုကျော်စိုးဦး(ခ)ကိုမိုးအောင်တို့ကို ရခိုင်အရေးနဲ့ပတ်သက်တဲ့ တရားမဝင် သတင်းအချက်အလက်တွေ ရယူလို့ ဆိုပြီး ဒီဇင်ဘာ ၁၂ ရက်က မင်္ဂလာဒုံမြို့နယ်မှာ ဖမ်းဆီးခဲ့ပြီး  အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်ထိ ချမှတ်နိုင်တဲ့ ဗြိတိသျှကိုလိုနီခေတ်က ၁၉၂၃ ခုနှစ် အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Bill Clinton

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013