DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဆွေးနွေးမှု ဖက်ဒရယ်ဒီမိုကရေစီ စကားလုံးဖြင့် တစ်ဆို့နေဆဲ
DVB
·
January 9, 2018
Donate to DVB

 

အစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) လက်မှတ် ရေးထိုးနိုင်ဖို့ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းနေရာမှာ ဖက်ဒရယ်ဒီမိုကရေစီ စကားလုံးနဲ့ ပတ်သက်ပြီး ခုချိန်ထိ သဘောတူညီမှုမရနိုင်သေးဘူးလို့ ယူအန်အက်ဖ်စီ တိုင်းရင်းသား လက်နက်ကိုင်တပ်ပေါင်းစု ကပြောပါတယ်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)ရဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင် တို့ကြားဆွေးနွေးနေတာ အကြိမ်ပေါင်း ၈ ကြိမ်  ကာလအားဖြင့် ၁၇ လကျော် ကြာမြင့်ခဲ့ပေမယ့် တစ်ဆို့မှုတွေရှိနေသေးတယ်လို့  ယူအဲန်အက်ဖ်စီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးထွန်းဇော်က ဒီဗွီဘီကို ပြောပါတယ်။

“၁၇ လကျော်ကြာပြီး ၈ ကြိမ်မြောက်ထိ တရားဝင်ဆွေးနွေးလာခဲ့တယ်။ န၀မ အကြိမ်မြောက် ဆက်ဆွေးနွေးမယ်လို့ ပြင်ဆင်ပြီးကာမှ အစိုးရဘက်က မူဝါဒသဘောထားက ဖြေလျော့မှုမရှိ ပြောင်းလဲမှုမရှိတော့ တစ်ဆို့နေတယ်ပေါ့လေ။ ကျနော်တို့ ဘက်က အဆိုပြုချက် ၉ ချက်တင်ပြထားတယ်၊ အဓိက ၃ ပိုင်းရှိတယ်၊  စစ်ရေး၊ နိုင်ငံရေးနဲ့ ကြားကာလပေါ့နော်၊ အဲဒီမှာ စစ်ရေးနဲ့ပတ်သက်ရင် အပစ်ခတ်ရပ်ရေးဖြစ်စဉ်ကို ကျနော်တို့ ခိုင်မာစေချင်တယ်။ အပစ်ခတ် ရပ်ရေး ယန္တရားမှာလည်း ကျနော်တို့တတိယအင်အားစု အထူးသဖြင့် နိုင်ငံတကာက ပါဝင်မှုကို ကျနော်တို့က လိုလားတယ်၊ ဒါကိုခိုင်မာအောင် ကျနောတို့ လုပ်စေချင်တယ်၊ နိုင်ငံရေးနဲ့ ပတ်သက် လာရင်လည်း ကျနော်တို့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ဆိုတဲ့ အခိုင်အမာ ကတိက၀တ်ပေါနော့် အဲဒီသဘောတူညီမှုကို ကျနော်တို့ လိုလားတယ်။ အခု ဖက်ဒရယ် ဒီမိုကရေစီ ဆိုတဲ့စကားလုံးနဲ့ ကျနော်တို့ တစ်ဆို့နေတာပေါ့။”

တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ဖက်ဒရယ်ဒီမိုကရေကို အခြေခံတဲ့ ပြည်ထောင်စုစနစ်နဲ့ သွားလိုတာဖြစ်ပြီး တပ်မတော်နဲ့ အစိုးရဘက်ကတော့ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကိုအလိုရှိနေတာဖြစ်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ စကားလုံးဟာ အသစ်မဟုတ်ဘဲ ၂၀၁၅ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီကိုယ်တိုင်လူထုကို အဆိုပါစကားလုံးနဲ့ မဲဆွယ်စည်းရုံးခဲ့ကြောင်း၊ ဒီအဆိုပြုမှုဟာ DPNနဲ့ PC တို့ရဲ့ ၆ ကြိမ်မြောက်ဆွေးနွေးပွဲထိ သဘောတူခဲ့ကာမှ ၇ ကြိမ်မြောက် ၈ ကြိမ်မြောက်မှာပြောင်းလဲသွားလို့ ဒီအပြောင်းအလဲဘာ့ကြောင့် ဖြစ်လာသလဲဆိုတာကို ဆွေးနွေးဖို့ ဖြစ်လာတယ်လို့ သူက ဆက်ပြော ပါတယ်။

အခေါ်အဝေါ် စကားလုံးတွေနဲ့ ပတ်သက်ပြီး သဘောတူခဲ့ရင်တောင်မှ လက်တွေ့အေ ကာင်အထည်ဖော်မှု ရည်ရှည်တည်တံ့ဖို့ အပြန်အလှန် ကတိက၀တ်ပြုမှုနဲ့ သွားရမှာဖြစ်သလို အန်အယ်လ်ဒီအစိုးရလက်ထက်တင်မက နောက်လာမယ့် အစိုးရအဆက်ဆက်လည်း ဆ က်လက် အကာင်အထည်ဖော်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ တစ်ဆို့နေတဲ့ အချက်တွေပေါ် အဖြေပေါ်စေဖို့ နှစ်ဘက်ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံညှိနှိုင်းဖို့နဲ့ တခြားနည်းလမ်းတွေလည်း ဆက်လက်ရှာဖွေမယ်လို့ ယူအန်အက်ဖ်စီက ကြေညာထားပါတယ်။

ယူအဲန်အက်ဖ်စီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်း မိုင်မှာ ဇန်န၀ါရီလ ၆ ရက်ကနေ ၈ ရက်နေ့ထိ ၃ ရက်တာ ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေး မှာ အထက်ပါ အချက်တွေကို ထည့်သွင်းဆွေးနွေးသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ယူအန်အက်ဖ်စီအဖွဲ့ဝင် မွန်ပြည်သစ်ပါတီအနေနဲ့ အစိုးရနဲ့ အန်စီအေ လက်မှတ်ထိုးမယ့်ကိစ္စကိုလည်း မွန်ပြည်သစ်ပါတီအဖွဲ့ဝင်တချို့က  သူတို့သဘောထားတွေ တင်ပြခဲ့တယ်လို့ ဦးထွန်းဇော်က ပြောပါတယ်။

 မကြာခင်ကျင်းပဖို့ရှိတဲ့နေတဲ့ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို  ယူအန်အက်ဖ်စီအနေနဲ့ တက်ရောက်ဖို့ ရှိမရှိ ဆိုတဲ့ကိစ္စမှာ ညီလာခံကို ဘယ် အခင်းအကျင်းနဲ့ဘဲလုပ်လုပ် အဓိကမှာ တိုင်းပြည်ရဲ့ အခြေခံနိုင်ငံရေးပြဿနာကို အဖြေရှာနိုင်ဖို့ ဘယ်နိုင်ငံရေးဆွေးနွေးပွဲပုံသဏ္ဍာန်မဆို တန်းတူရည်တူ ဂုဏ်သိက္ခာရှိစွာနဲ့ ဆွေးနွေးဆုံးဖြတ်ခွင့် ရမယ်ဆိုရင် အဲဒီညီလာခံကို တက်သွားမယ်လို့ ဆိုပါတယ်။

မန့က ကျင်းပပြီးစီးသွားတဲ့ ယူအန်အက်ဖ်စီအစည်းအဝေးမှာ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ရခိုင်ပြည်အမျိုးသားကောင်စီ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း စတဲ့ လက်နက်ကိုင် အဖွဲ့မှ ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013