DVB Logo
Home
မြန်မာသတင်း
မင်းတုန်းမြို့နယ်တွင် ကျေးရွာရာအိမ်မှူးဟောင်းကို ဆယ်အိမ်မှူးအသစ်က ဓားဖြင့် ခုတ်သတ်
DVB
·
January 9, 2018
မင်းတုန်းမြို့နယ်တွင် ကျေးရွာရာအိမ်မှူးဟောင်းကို ဆယ်အိမ်မှူးအသစ်က ဓားဖြင့် ခုတ်သတ်
Donate to DVB

 

မ​ကွေးတိုင်း​ဒေသကြီး သရက်​ခရိုင် ​မင်းတုန်းမြို့နယ်​၊ လင်​ဘန်းအုပ်​စု သရက်​စမ်း ​ကျေးရွာမှာ ရာအိမ်​မှူးအ​ဟောင်းကို ၁၀ အိမ်​မှူးအသစ်​က ဓားနဲ့ ခုတ်​သတ်​မှု ဇန်​နဝါရီလ ၈ ရက်​​နေ့ ည ၇ နာရီလောက်မှာ ဖြစ်​ပွားခဲ့ပါတယ်​။

သရက်​စမ်း​ကျေးရွာ တရွာထဲ​နေ ရာအိမ်​မှူး​ဟောင်း ဦးတင်​​ထွေးရယ် ​ဓားနဲ့ခုတ်​သူ ၁၀ အိမ်​မှူးအသစ် ​စိုး​နောင်​ (၂၄ နှစ်)​နဲ့ အိမ်​နီးချင်း ဦးဝမ်းတင်​တို့ အရက်​အတူ​သောက်​ကြရင်း စကားအရနှိမ်​​ပြောတာကို မခံနိုင်​လို့ အိမ်​ပြန်​ဓားယူပြီး ခုတ်​လိုက်​တာလို့ သိရပါတယ်​။

နယ်​​မြေရဲကင်းစခန်းမှူး ရဲအုပ်​သူရိန်​​အောင်​က “အမှန်​က မူးလို့ဖြစ်​တာ။ သူက အဖမ်းခံဖို့ လင်​ဘန်းကိုလာတာ။ လမ်းမှာတခါတည်း​ တွေ့ပြီး ဖမ်းခဲ့တယ်​။ အခုသက်​​သေခံဓား သိမ်းမယ်​။ မြို့နယ်​မှူးနဲ့ မြို့မစခန်းမှူးလာမယ်”လို့ ​ပြောပါတယ်​။

ဓားနဲ့ခုတ်သူ စိုး​နောင်​က“သူက မင်းသရက်​​မြို့​လောက်​ဘဲ ​ရောက်​ဘူးတာ။ အခုမှ ၁၀ အိမ်​မှူးဖြစ်​တာ ၂ ရက်​ဘဲ ရှိ​သေးတယ်​။ အားအများကြီးဘဲ ငါ့ကိုနှိမ်​တာ မခံနိုင်​လို့ ခုတ်​လိုက်​တာ ထက်​ခြမ်းကွဲသွားတယ်။”လို့ ​ပြောပါတယ်​။

သေဆုံးသူရဲ့ဇနီးမစန်းလွင်​မှာလည်း​ နောက်​​ကျောမှာ ဓားဒဏ်​ရာတချက်​ရခဲ့ပြီး တလသား အရွယ်​က​လေးကို ကာကွယ်​ရင်းဝင်​​ရောက်​တားမြစ်​ရာက ဒဏ်​ရာရခဲ့တာလို့​ ပြောပါတယ်​။

သေဆုံးသူကို ညတွင်းချင်းမြို့နယ်​​ဆေးရုံကို​ဆေးအ​ဖြေရဖို့ ပို့​ဆောင်​ထားပြီး(ပ) ၇/၁၈ ရာဇသတ်​ကြီးပုဒ်​မ၃၂၆/ ၃၀၂နဲ့ အမှုဖွင့် စစ်ဆေး​​ဆောင်​ရွက်​​နေ​တယ်လို့ သိရပါတယ်​။

သရက်​စမ်း​ကျေးရွာဟာ အိမ်​​ခြေ ၂၀ သာရှိတဲ့ ရွာ​သေးဖြစ်​ပြီး အရှိုချင်း အများစု​ နေထိုင်​ကြပြီး လမ်းပန်းဆက်​သွယ်​​ရေးခက်​ခဲ​တဲ့ ရွာဖြစ်ပါတယ်​။

သတင်း - ​နေမှူးလူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013