DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုကြောင့် ၆ လကျော်အတွင်း ပညာရေးကဏ္ဍက ၂၀ ဦး သေဆုံး
DVB
·
July 18, 2026
Photo: AAPP
Photo: AAPP
Donate to DVB

အခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဇူလိုင် ၁၆ ရက်အထိ စစ်အုပ်စုကြောင့် ပညာရေးကဏ္ဍက ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း အယောက် ၂၀ သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကျောင်းသား ၁၀ ယောက် ပါဝင်ပြီး ၁၈ ယောက်ကတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

သေဆုံးမှုအများဆုံးက မကွေးတိုင်းနဲ့ တနင်္သာရီတိုင်းကဖြစ်ပြီး ၇ ယောက်စီ ရှိပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်ကလည်း မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကန်လေးကုန်းရွာ စာသင်ကျောင်းကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ သတ္တမတန်းကျောင်းသား မောင်ဖြိုးဝေဦး နေရာမှာတင် သေဆုံးခဲ့ပြီး ကျောင်းသား အများအပြားလည်း ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအရေအတွက်ဟာ နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တာဖြစ်ပြီး နောက်ထပ် ၁၀ ယောက်ကိုတော့ အတည်ပြုဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်လို့ ပြည်သူပေါင်း ၈,၁၈၃ ယောက် သေဆုံးခဲ့ပြီလို့လည်း AAPP က ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013