DVB Logo
Home
မြန်မာသတင်း
ARSA အဖွဲ့ နောက်ကွယ်တွင်  အခြားအကြမ်းဖက်အဖွဲ့များရှိနိုင်ဟု ဗိုလ်ချုပ်မှူးကြီး ပြော
DVB
·
January 9, 2018
ARSA အဖွဲ့ နောက်ကွယ်တွင်  အခြားအကြမ်းဖက်အဖွဲ့များရှိနိုင်ဟု ဗိုလ်ချုပ်မှူးကြီး ပြော
Donate to DVB

 

    ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ နောက်ကွယ်မှာ အခြားနိုင်ငံတွေမှာ အခြေချနေတဲ့ အခြားအကြမ်းဖက်အဖွဲ့တွေရှိနိုင်လို့ မိတ်ဆွေနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်လို့  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။

နေပြည်တော်မှာ ဇန်န၀ါရီ ၈ ရက်က  စင်ကာပူတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ပါရီလင်းမ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံတုန်း ပြောခဲ့တာ ဖြစ်ပါတယ်။

“ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ နောက်ကွယ်မှာ အခြားနိုင်ငံများမှာ အခြေချလျက်ရှိတဲ့ အခြားအကြမ်းဖက်အဖွဲ့များရှိနိုင်တယ်။ ဒါ့ကြောင့်မိမိတို့အနေနဲ့  အကြမ်းဖက် သမားများရန်က ကာကွယ်နိုင်ဖို့ မိတ်ဆွေနိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်။ အခြားနိုင်ငံ တချို့မှာလည်း အလားတူအကြမ်းဖက်တိုက်ခိုက်မှုများရှိနေတဲ့အတွက် အလေးထား ဆောင်ရွက် နေရပြီး အခုထက်ပိုပြီး ပူးပေါင်း ဆောင်ရွက်သွားဖို့ လိုတယ်။”

ဒါ့အပြင် တချို့က ရိုဟင်ဂျာလူမျိုးလို့ သုံးနှုံးပြောဆိုနေတာတွေရှိပြီး တကယ်တော့ သူတို့ဟာ ဘင်္ဂလားနယ်ကနေ မြန်မာနိုင်ငံသို့လာရောက်နေထိုင်တဲ့ ဘင်္ဂါလီလူမျိုးများသာဖြစ်လို့  ဘင်္ဂါလီလို့ပဲ  ခေါ်ဆိုရမှာ ဖြစ်တယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

တခါ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို  အကြောင်းအမျိုးမျိုးနဲ့ ထွက်ခွာသွားတဲ့ ဘင်္ဂါလီလူမျိုးတွေကို ဥပဒေနဲ့အညီစိစစ်ပြီး ပြန်လည်လက်ခံသွားမယ်လို့လည်း ပြောပါတယ်။

စင်ကာပူတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး တပ်မတော်က နိုင်ငံသားတွေအပေါ် ကာကွယ်စောင့်ရှောက်မှုတွေပေးနေတာကို  သိရှိနားလည်ပြီး စင်ကာပူအနေနဲ့ လိုအပ်တဲ့အကူအညီတွေကို ပေးဖို့အသင့်ရှိတယ်လို့ ပြောဆို ဆွေးနွေးခဲ့ကြောင်းလည်း ကာကွယ်ရေးဦးစီးချုပ်ရုံးသတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့  ဒေသတွင်းငြိမ်းချမ်းရေးကိုစင်ကာပူက လိုလား  တယ် လို့လည်း ဆွေးနွေးပြောကြားသွားပါတယ်။ စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ဇန်န၀ါရီ ၈ ရက်ကစပြီး မြန်မာနိုင်ငံကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013