DVB Logo
Home
မြန်မာသတင်း
ပုလိပ်မြို့ ရတနာလာဘမုနိမြွေဘုရား ရွှေသင်္ကန်းကပ်ထားသည့်ရွှေများ ပျောက်ဆုံးသဖြင့် ခေတ္တပိတ်ထား
DVB
·
January 9, 2018
ပုလိပ်မြို့ ရတနာလာဘမုနိမြွေဘုရား ရွှေသင်္ကန်းကပ်ထားသည့်ရွှေများ ပျောက်ဆုံးသဖြင့် ခေတ္တပိတ်ထား
Donate to DVB

မန္တ​လေးတိုင်းဒေသကြီး၊ စဥ့်ကိုင်​မြို့နယ်​ ပလိပ်မြို့ ရတနာလာဘမုနိ ​မြွေဘုရား​​ ​ရွှေသင်္ကန်းကပ်​ရာ ယခင်​​ရွှေတွေ ပျောက်​ဆုံးသွားတဲ့အပေါ် မြို့ခံလူထုက မ​ကျေနပ်တဲ့အတွက် ဇန်​နဝါရီ ၇ ရက်​​က  ဘုရားကို ယာယီ​ခေတ္တ ပိတ်​ထားခဲ့ရပါတယ်။

စဥ့်ကိုင်​မြို့နယ်​ ပလိပ်​အုပ်​စု သံဃနာယကအ​နေနဲ့  လက်​ရှိတာဝန်​ယူထားတဲ့ ဘုရား​ဂေါပက​တွေကို မ​နေ့ညနေက သက်ဆိုင်ရာတာဝန်ရှိသူတွေ ရှေ့မှောက်မှာ စစ်ဆေး  ရှင်းလင်းခဲ့ကြပါတယ်​။

ပလိပ်​မြို့အုပ်​စု သံဃနာယကဥက္ကဋ္ဌ ဦးမဏ္ဍလက “အ​ရေးယူဖို့ဆိုတာက​တော့ ထွက်​​နေတဲ့​ ကောလာဟလ​တွေကို သူတို့ ဘယ်​လို​ဖြေရှင်းမယ်​ဆိုတဲ့အ​ပေါ် မူတည်​​နေတယ်​​။ သံဃနာယကကို တိုင်​ပင်​ပြီး ခွင့်ပြုချက်​​တောင်းပြီး လုပ်​ကြတာ မဟုတ်​ဘူး။ ဘုရားကို အမြန်​ဆုံး ပြန်​ဖွင့်မှာပါ။ အ​ခြေအ​နေအရ ခဏပိတ်​ထားရတာ​”လို့ မိန့်​ကြားပါတယ်​။

ပလိပ်​မြို့ခံ ကိုစိုးလွင်​က “လက်​ရှိလုပ်​​နေတဲ့ ​ဂေါပက​တွေကို မြို့ခံလူထုက မကြိုက်​ကြဘူး​လေ။ သမိုင်းမ​ကောင်းတဲ့ သူ​တွေက များ​နေတာ။ အမည်​ပျက်​လည်း များတယ်​။ အဓိက​တော့​ ငွေ​ရေး​ကြေး​ရေး ကိစ္စ​တွေနဲ့ အမည်​ပျက်​ကြလို့ မကြာခဏ ဂေါပက​ ရွေး​နေရတယ်”​လို့ ​ပြောပါတယ်​။

ဘုရား​ဂေါပကဥက္ကဋ္ဌ ဦးခင်​​မောင်​ဦးကို ဆက်​သွယ်​​မေးရာမှာ ​ဘုရားကို​ ရွှေသင်္ကန်း ကပ်​လှူခွင့်ရရှိတဲ့​ လေလံပိုင်ရှင်​နဲ့ ​​လေလံမရရှိတဲ့သူတို့ အဆင်​မ​ပြေရာက​နေ တိုင်ကြ​ တောကြတာ ဖြစ်​တယ်​လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013