DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့တွင် ငြိမ်းချမ်းရေးချိုးငှက် စတိုးဆိုင်ဝန်ထမ်းဟောင်းများ ဆန္ဒပြ
DVB
·
January 8, 2018
မုံရွာမြို့တွင် ငြိမ်းချမ်းရေးချိုးငှက် စတိုးဆိုင်ဝန်ထမ်းဟောင်းများ ဆန္ဒပြ
1 / 3
Donate to DVB

မုံရွာမြို့မှာ စတိုးဆိုင်ပိုင်ရှင်နဲ့ ဆိုင်ဝန်ထမ်းဟောင်းတွေရဲ့အမှုကို တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ်ကျေနပ်မှုမရှိလို့  ဆိုင်ဝန်ထမ်းဟောင်းတွေနဲ့ မိသားစုဝင်တွေက ဒီကနေ့ မြိုကတွင်း စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

မုံရွာမြို့ ငြိမ်းချမ်းရေးချိုးငှက်စတိုးဆိုင်က ငွေကျပ်သိန်း ၁၇၀၀ ကျော်တန်ဖိုးရှိ အဝတ်အထည်တွေ ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး မုံရွာမြို့နယ်တရားရုံးမှာ နိုဝင်ဘာ ၁၆ ရက်က တရားခံအဖြစ် စွပ်စွဲခံရသူ ဆိုင်ဝန်ထမ်းဟောင်း မဖြိုးဖြိုးဝေကို ပုဒ်မ-၃၈၁ အရ ထောင်ဒဏ် ၁ နှစ်၊ ကိုသန်းထိုက်အောင်၊ ကိုဖြိုးဝေအောင်တို့ကို ပုဒ်မ-၃၈၁/၁၄၄ အရ ထောင်ဒဏ် ၁ နှစ် အသီးသီးချမှတ်ခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျေနပ်မှုမရှိတာကြောင့် ပြစ်ဒဏ်ကျခံခဲ့ရတဲ့ ဆိုင်ဝန်ထမ်းဟောင်းနဲ့ မိသားစုဝင် ၂၀ ဦးခန့်က ဇန်နဝါရီ ၈ ရက်နေ့မှာ မုံရွာမြို့နယ်တရားရုံးရှေ့ကနေစတင်ကာ ရုံးကြီးလမ်း၊ ဘူတာလမ်း၊ ဗိုလ်ချုပ်လမ်း၊ ဇရပ်ဝိုင်းလမ်းတို့အတိုင်း မြို့မရဲစခန်း၊ ငြိမ်းချမ်းရေးချိုးငှက်စတိုးဆိုင်တို့ရှေ့ကဖြတ်လျှောက်ပြီး လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက “အမှုစစ်ရဲ အလိုမရှိ”၊ “တရားဥပဒေစိုးမိုးရေး”၊ “မှန်ကန်မျှတတဲ့ စီရင်ချက် ချမှတ်ပေးရေး”၊ “အရောင်းဝန်ထမ်းတွေဘဝ လုံခြုံမှုရရှိရေး”စတဲ့ ကြွေးကြော်သံတွေကိုလည်း ဆန္ဒပြရာလမ်းတလျှောက် ကြွေးကြော်ခဲ့ကြပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီုး မြို့နယ်တရားရုံးက ထောင်ဒဏ် ၁ နှစ်စီချမှတ်တဲ့အပေါ် တရားမျှတမှု မရှိတာကြောင့် ခရိုင်တရားရုံးကို အယူခံဝင်သွားမှာဖြစ်သလို ပြည်ထောင်စု အဆင့်ဆင့်ကိုလည်း တိုင်ကြားစာတွေ ပေးပို့သွားဖို့ ပြစ်ဒဏ်ကျခံခဲ့ရတဲ့ ဆိုင်ဝန်ထမ်းဟောင်းတွေက စီစဉ်နေသလို ထောင်ဒဏ် ၁ နှစ်က ပြစ်ဒဏ်နည်းလို့ဆိုပြီး စတိုးဆိုင်ပိုင်ရှင်ဘက်ကလည်း ပြစ်ဒဏ်ထပ်တိုးချမှတ်ပေးရေး ဆက်လက်အယူခံဝင်ထားပါတယ်။

ဒီအမှုကို တရားရင်ဆိုင်နေစဉ် ကာလအတွင်း မဖြိုးဖြိုးဝေက ၁ နှစ်နဲ့ ၃ ရက် အချုပ်ခံထားခဲ့ရသလို ကျန် ၂ ယောက်မှာလည်း ၁ နှစ်နဲ့ ၇ လထိ အမှုရင်ဆိုင်နေစဉ် ကာလအတွင်း အချုပ်ခံခဲ့ရတာပါ။

အခုလို မတရားမှုတွေ များနေတဲ့အတွက် ဒီနေ့ဆန္ဒပြပွဲကို ပြုလုပ်ရတာ ဖြစ်တယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။  ဒီနေ့ဆန္ဒပြပွဲကို မုံရွာမြို့ခံ အရပ်ဘက်အဖွဲ့အစည်းတွေ၊ တရားဥပဒေစိုးမိုးရေးအတွက် လှုပ်ရှားနေသူတွေကလည်း လာရောက်ဝန်းရံခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013