DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအတွက်တစ်ဆို့နေသည့်အချက်များ အဖြေရရေးဆက်ကြိုးပမ်းမည်ဟုUNFC ကြေညာ
DVB
·
January 8, 2018
Donate to DVB

 

ပြည်တွင်းငြိမ်းချမ်းချမ်းရေး၊ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး နောက်ဆုံး တစ်ဆို့နေတဲ့ အချက်တွေကိုအဖြေရရှိဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ က ဒီကနေ့ထုတ်ပြန်ပါတယ်။

ဇန်န၀ါရီ ၆ ရက်မှ ၈ ရက်ထိ ထိုင်းနိုင်ငံမှာ ကျင်းပပြီးစီးသွားတဲ့ ယူအန်အက်ဖ်စီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ (တိုးချဲ့) အစည်းအဝေးအပြီး ခုလို ထုတ်ပြန်လိုက်တာဖြစ်ပြီး ဒီအစည်းအဝေးမှာ အဖွဲ့ရဲ့ အထွေထွေလုပ်ငန်းစဉ်တွေနဲ့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး နိုင်ငံရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ရဲ့ အဆိုပြုချက် ၉ချက်ကို အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ညှိနှိုင်းနေရာမှာ နောက်ဆုံးတစ်ဆို့နေတဲ့ အချက်တွေအပေါ် အဖြေရရှိဖို့ နှစ်ဖက်ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ညှိနှိုင်းနိုင်ဖို့နဲပ တခြားနည်းလမ်းတွေကိုလည်းဆက်လက်ရှာဖွေကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း ကြေညာဖို့၊ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး အာမခံချက်ရရှိဖို့၊ ၂၁ ရာစု ပင်လုံညီလာခံက ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တွေအပေါ် အခြေခံပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲပြဌာန်းဖို့၊ အပစ်အခတ် ရပ်စဲရေးလုပ်ငန်းစဉ်မှာ နိုင်ငံတကာပါဝင်မှု အခန်းကဏ္ဍတိုးမြှင့်ဖို့ စတဲ့ အချက် ၉  ချက်ကို သဘောတူမှ  အန်စီအေ လက်မှတ်ထိုးမယ်လို့  ယူအန်အက်ဖ်စီက အနေနဲ့ တောင်းဆိုထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013