DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
January 8, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၅၄,၃၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၇၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၅၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၆၀,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်သွားပါတယ်။

ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၅,၇၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ၁ အိတ်ကို ၃၆,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး မနေ့ကထက် ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံနီ အဟောင်းက ၁ အိတ်ကို ၄၀,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅,၅၀၀ ကျပ် ဈေးတက်သွားပါတယ်။

ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၄,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲလွန်းဖြူ
ရန်ကုန် ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူက ၁ အိတ်ကို ၇၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၈၁,၉၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၇၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၈၇,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၇,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၅,၀၀၀ ကျပ်နီးပါး ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းနက်
မန္တလေး ကုန်စည်ဒိုင်မှာ နှမ်းနက်က ၄၅ ပိဿာဝင် တအိတ်ကို ၁၀၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၃,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၄,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၀၂,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၂,၀၀၀ ပေါက်ဈေးရှိပါတယ်။

မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ v2
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၆.၂၅ ပိဿာဝင် ၁ အိတ်ကို ၉၂,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ငွေကျပ် ၉၃,၀၀၀ ပေါက်ဈေးရှိပြီး မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်နီ
ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက ၁ ပိဿာကို ၉၀၀ ကျပ်ကနေ ၂,၃၀၀ ကျပ် ပေါက်ဈေးရှိပြီး မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁,၀၀၀ ကျပ်ကနေ ၂,၂၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် ၁ ပိဿာကို ၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013