DVB Logo
Home
မြန်မာသတင်း
တပ်သိမ်း ရော်ဘာခြံကိစ္စ တောင်သူများ တိုင်တန်းသည့်အပေါ် ပြန်လည်စစ်ဆေးနေ
DVB
·
January 8, 2018
တပ်သိမ်း ရော်ဘာခြံကိစ္စ တောင်သူများ တိုင်တန်းသည့်အပေါ် ပြန်လည်စစ်ဆေးနေ
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ် တူးမြောင်းကျေးရွာအုပ်စုရှိ စိုက်ပျိုးတောင်သူ ၃၆ ဦးပိုင် ခြံမြေကို နယ်မြေခံစစ်တပ်က သိမ်းဆည်းထားတဲ့ကိစ္စ  မြို့နယ် လယ်ယာမြေနဲ့ အခြားမြေတွေ သိမ်းဆည်းခံရတာတွေ ပြန်လည်စိစစ်ရေးအဖွဲ့က စစ်ဆေးနေပါတယ်။

ခြံမြေတွေကို ခလရတပ်ရင်း ၅၈၆က  လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်လောက်ကတည်းက သိမ်းယူခဲ့တာဖြစ်ပြီး ဒီကိစ္စ တောင်သူတွေ တိုင်လာတဲ့အပေါ် ဒီနေ့ မနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှ စစ်ဆေးနေတာဖြစ်ပါတယ်။

ခြံရှင်ဖြစ်ခဲ့သူ ဒေါ်ဟန်စိန်က “ခြံကို ခလရ ၅၈၆ တပ်က သိမ်းတာ ၂၀၀၀ ခုနှစ်က သိမ်းတာ။ ၂၀၀၀ ခုနှစ်က ၂၀၀၅ ခုနှစ်အထိကို အစေးခြစ် စားပိုင်ခွင့်ပေးတယ်။ ၂၀၀၆ ခုကနေစ သူတို့ကို သီးစားပြန်လည်ပေးရတယ်။ အခု ၂၀၁၇ အထိကို အပင်စားပေးပြီး ခြစ်စားနေရတယ်။ တပ်သိမ်းစဉ်ကလည်း ခြံရှင်တွေ တဦး တယောက်မှ မသိခဲ့ဘူး။ နောက်မှ သိရတယ်။ အကြောင်းမကြားဘဲ အသိမ်းခံရတယ်။ ခြံထဲမှာ အလံစိုက်မှ တပ်က သိမ်းလိုက်ပြီဆိုတာ သိရတယ်။ သိတဲ့အချိန်မှာ တပ်ကြ ပန်ခေါ်တယ်၊ ၂၀၀၀ ခု ခြံသိမ်းခံရတဲ့သူတွေကို ၅ နှစ် အစေးခြစ် ပေးခြစ်စားတယ်။ အခု ၂၀၀၆ ခုကနေ ၂၀၁၇ အထိ အသီးစား ပြန်ဝယ်ခြစ်စားရတယ်”လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်လောက်က ရော်ဘာခြံတွေ ဖြစ်တဲ့အခါ တချို့ခြံငယ်တွေက သက်တမ်း မပြည့်ဘဲ အစေးခြစ်လုပ်ငန်းလည်း မလုပ်ရတဲ့အပြင် သီးစားပြန်လည်ရယူခဲ့ရသလို နစ်နာမှုတွေအတွက် ၁ ဧကကို ၁၀၀ ကျပ်နဲ့ ခေါ်ယူလက်မှတ်ထိုးခိုင်းခဲ့ပြီး မထိုးရင် ရော်ဘာအစေးခြစ် လုပ်ပိုင်ခွင့်လည်း မပေးဘဲ အခုအချိန်အထိ သီးစားလုပ်ပိုင်ခွင့်သာ ပေးထားခဲ့ကာ ရော်ဘာခြံ အများစုက သက်တမ်းပြည့် ရော်ဘာအပင်တွေ ဖြစ်တဲ့အခါ ပြန်လည်ဝယ်ယူ ခုတ်လှဲရတယ်လို့ တောင်သူတွေက ဆိုပါတယ်။

ခြံရှင် ဦးအောင်သန်းလွင်က “သိမ်းထားတဲ့ဧက စာရင်းမှာ ဖော်ပြထားတာ ၃၄၁.၃ ဧက၊ တကယ်တမ်း မြေစာရင်းတိုင်းတဲ့အခါမှာ ၃၄၈.၇ ဧကရှိတယ်။ အဲဒါလည်း ပိုမြေတွေကိုလည်း ပြန်မပေးဘူး။ ဒီမှာရှိတဲ့ အပင်တွေကိုလည်း သီးစားချထားတယ်၊ ယနေ့အထိ။”လို့ ပြောပါတယ်။

အဆိုပါ သိမ်းဆည်းခံ ရော်ဘာစိုက်ဧကပေါင်းမှာ ၃၄၁ ဧကကျော်အတွက်  အခုအချိန်မှာ တောင်သူတွေကတော့ နစ်နာကြေး ပြန်လည်ရယူနေချင်ကြသလို သီးစားပေးသွင်းဖို့အတွက် လက်တလောမှာ အခက်ခဲတွေလည်း ရှိနေပါတယ်။

သတင်း - နေမျိုးထွဋ် (ရေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013