DVB Logo
Home
မြန်မာသတင်း
တပတ်​အတွင်း မ​ကွေးတိုင်း​ အစိုးရအဖွဲ့ဝန်​ကြီး ၂ ​ဦး နုတ်​ထွက်​စာတင်
DVB
·
January 8, 2018
တပတ်​အတွင်း မ​ကွေးတိုင်း​ အစိုးရအဖွဲ့ဝန်​ကြီး ၂ ​ဦး နုတ်​ထွက်​စာတင်
Donate to DVB

 

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးနှစ်ဦးဟာ တာဝန်မှ နုတ်ထွက်စာ တင်ထားတယ်လို့  ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုထံက သိရပါတယ်​။

မကွေးတိုင်းဒေသကြီးအစိုးရ အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ကြီး ဦးနေမျိုးကျော်နဲ့ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးစိုးမြင့် တို့ ၂ ဦးတို့ဟာ ဇန်နဝါရီ ၅ ရက်က နုတ်ထွက်စာ တင်ထားလိုက်တာဖြစ်ပါတယ်​။

နုတ်ထွက်စာတင်ထားတာနဲ့ ပတ်သက်ပြီး တိုင်းအလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးနေမျိုးကျော်က မကွေး မြို့တော်ခန်းမမှာ ဇန်နဝါရီ ၆ရက်က ကျင်းပတဲ့ ရသပြည်ထောင်စုသစ် စာပေဆွေးနွေးပွဲ အဖွင့်အမှာစကားပြောရာမှာ အတည်ပြုပြောကြားခဲ့ပါတယ်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနဝန်ကြီး ဦးစိုးမြင့်ကလည်း သတင်းမီဒီယာတွေက မေးမြန်းရာမှာ အစိုးရအဖွဲ့ ဝန်ကြီးအဖြစ်မှ နှုတ်ထွက်စာတင်ထားကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်​။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနဝန်ကြီး ဦးစိုးမြင့်က “ဇန်နဝါရီလ ၅ ရက်နေ့က နှုတ်ထွက်စာတင်ထားတာပါ။ ကျန်းမာရေး အခြေအနေက ကောင်းလာမလိုလိုနဲ့ အခုလိုအေးတဲ့အချိန်တွေမှာ ဂရုစိုက်ရမှာဖြစ်တဲ့အတွက် အရင်ကလည်း လေဖြန်းတာနှစ်ခါ ဖြစ်ဖူးတဲ့အတွက် လေဖြတ်သွားရင် မလွယ်ဘူးလေ။ ကျန်းမာရေး အခြေအနေအရ နုတ်ထွက်စာတင်ထားတာပါ”လို့ ပြောပါတယ်​။

အစိုးရအဖွဲ့ဝန်ကြီးအဖြစ်မှ နုတ်ထွက်စာတင်ထားမှုကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံတင်ထားကြောင်း တင်ထားတာနဲ့ပတ်သက်ပြီး အကြောင်းပြန်ခြင်းမရှိသေးပါဘူး။

အဆိုပါဝန်ကြီးနှစ်ဦးက တိုင်းအစိုးရအဖွဲ့ထံ နုတ်ထွက်စာတင်ထားပေမယ့်လည်း တိုင်းဒေသကြီးလွှတ်တော်ထံ နုတ်ထွက်စာတင်ပြမှုမရှိသေးဘူးလို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးတာက ဒီဗွီဘီကို ပြောပါတယ်​။

လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဝန်ကြီးတာဝန်ထမ်းဆောင်သူတွေဟာ တိုင်းအစိုးရဝန်ကြီးတာဝန်မှ နုတ်ထွက်သွားပေမယ့်လည်း ဥပဒေအရ လွှတ်တော်ကိုယ်စား လှယ်အဖြစ် ဆက်လက် တည်ရှိနေမှာဖြစ်ပါတယ်​။

မကွေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီး ၂ ဦး အစားထိုးဖို့အတွက် မကွေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ ပခုက္ကူခရိုင်အတွင်းမှ တိုင်းလွှတ်တော်ကိုယ်စားလှယ်တဦးတို့ ရေပန်းစားနေကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေ ထံက သိရပါတယ်။

မကွေးမြို့နေ ဦးသိန်းထွန်းအောင်ကတော့ “မကွေးတိုင်း အစိုးရအဖွဲ့ဝန်ကြီးတွေ တာဝန်ပေးအပ်မှုမှာ တိုင်းရဲ့မြို့တော်ဖြစ်တဲ့ မကွေးမြို့နေ မကွေးသား တစ်ဦးတစ်ယောက်မှ မပါသေးဘူး။ ကျနော်ကတော့ မကွေးမြို့သား ပါသင့်တယ်လို့ မြင်ပါတယ်”လို့ ပြောပါတယ်​။

သတင်း - ကိုလင်း (ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013