DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတွင် နေအိမ်အတွင်းဝင်ရောက် အနုကြမ်းစီးမှုဖြစ်ပွား
DVB
·
January 8, 2018
မိတ္ထီလာတွင် နေအိမ်အတွင်းဝင်ရောက် အနုကြမ်းစီးမှုဖြစ်ပွား
Donate to DVB

 

မိတ္ထီလာမြို့က လူနေအိမ်တအိမ်ထဲကို  မျက်နှာအဝတ်စည်းထားတဲ့ လူတယောက်ဝင်လာပြီး ဓားနဲ့ ခြိမ်းခြောက်ကာ လက်ဝတ်ရတနာနဲ့ ငွေတွေ ယူဆောင်သွားတဲ့ အနုကြမ်းစီးမှု ဒီနေ့ မနက်က ဖြစ်သွားတယ်လို့ မိတ္ထီလာအမှတ် (၃) ရဲစခန်းက သိရပါတယ်။

ဒီနေ့ မနက် ၃ နာရီခွဲလောက်က မိတ္ထီလာမြို့ ပြည်သာယာတောင်ပိုင်း ၁ လမ်းရှိ ကိုမျိုးနိုင်ဝင်းရဲ့ နေအိမ်အိပ်ခန်းထဲကို လက်ထဲမှာ ဓားမြှောင်ကိုင်ထားတဲ့ မျက်နှာမှာ အညိုရောင် အင်္ကျီအုပ်ထားတဲ့လူတယောက် ဝင်ရောက်လာပြီး အော်ရင်ဓားနဲ့ထိုးမယ်လို့ ခြိမ်းခြောက် ပြောဆိုကာ ကိုမျိုးနိုင်ဝင်းတို့ လင်မယား နှစ်ယောက်လုံးကို လက်ပြန်ကြိုးတုတ်၊ ပါးစပ်ကို တိပ်နဲ့ကပ်ပြီး ကာလတန်ဖိုး ၁၈ သိန်းဖိုးလောက်ရှိတဲ့ ရွှေငွေပစ္စည်း၊ ကွန်ပြူတာနဲ့ ဖုန်းတွေကို ယူဆောင်အနုကြမ်းစီးသွားခဲ့တာပါ။

အမှတ် (၃) ရဲစခန်း စခန်းမှူး ရဲအုပ်ဇော်ဝင်းက “အိပ်ယာခေါင်းရင်း ဘယ်ဘက်ဘေး စားပွဲပေါ်က စိန်လက်စွပ် ၂ကွင်း ရွှေလက်စွပ် ၁ကွင်း ငွေသား ၃သိန်းနဲ့ lenovo လက်တော့ ဆင်းကတ်မပါတဲ့ ‎vivo ဟန်းဆက်တလုံး ယူသွားတယ်။ ၁၈သိန်းဖိုးလောက်ပေါ့။ ကိုမျိုးနိုင်ဝင်းက

‎ကွန်ပြူတာသင်တန်းဖွင့်ထားတဲ့ သူပါ။ မြင်ရင်မှတ်မိတယ် မျက်နှာကိုမြင်လိုက်ရတယ်တဲ့ အမြန်ဆုံးဖမ်းမိဖို့ ကြိုးစားလုပ်ဆောင် နေပါတယ်”လို့ပြောပါတယ်။

မိတ္ထီလာအမှတ်(၃)ရဲစခန်းမှာ စုံးစမ်နေဆဲတရားခံကို ပြစ်ဒဏ် ၁၀ နှစ်အထိရှိတဲ့ ခြိမ်းခြောက်တောင်းယူတဲ့ အနုကြမ်းစီးမှု ‎ရာဇသတ်ကြီးပုဒ်မ ၃၈၆၊ (ပ)၅/၂၀၁၈ နဲ့ အမှုဖွင့်ထားပါတယ်။

‎သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013