DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးဖြတ်ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေးစခန်း ဗန်းမောက်တွင် ဖွင့်လှစ်
DVB
·
January 7, 2018
မူးယစ်ဆေးဖြတ်ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေးစခန်း ဗန်းမောက်တွင် ဖွင့်လှစ်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ပင်ဟင်းခါးကျေးရွာမှာ မူးယစ်ဆေးဖြတ်ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေး စခန်းကို ဇန်နဝါရီ ၆ ရက်နေ့က မှုယးစ်ဆေးစွဲ လူနာ ၃၆ ယောက်နဲ့ ပထမအကြိမ် ဖွင့်လှစ်ခဲ့တယ်လို့ ဗန်းမောက်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ဖြိုးကျော်အောင်က ပြောပါတယ်။

“လူမှုဝန်ထမ်းကယ်ရေးဌာန ကျန်းမာရေးဝန်ကြီးဌာနတို့ ပူပေါင်းပြီးတော့ လူထုအခြေပြု မူးယစ်ဆေးဖြတ်စခန်းဆိုပြီး ဖွင့်တာပါ။ ၃၅ ရက်ကြာ ဖွင့်မှာပါ။ အခုသင်တန်းမှာ လူနာ ၃၆ ယောက် တက်ရောက်နေပါတယ်။ မူးယစ်ဆေးသုံးစွဲတဲ့ လူနာများအနေနဲ့ လူမှုဘဝ ပြန်လည် ထူထောင်နိုင်ရေးအတွက် ရည်ရွယ်ပြီးဖွင့်လှစ်တာပါ။ တရားထိုင်၊ ဘုရားရှစ်ခိုး၊ လေ့ကျင့်ခန်း လုပ်တာတို့ ဆေးတိုက်တာတို့ အတတ်ပညာနဲ့ပတ်သက်ပြီးလည်း သင်ပေးသွားမှာပါ။ ဒါမျိုးသင်တန်းတွေ များများဖွင့်ဖို့လိုပါတယ်” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသခြင်းနှင့် ပြန်လည် ထူထာင်ရေးစခန်းကို ဗန်းမောက်မြို့နယ် ပင်ဟင်းခါးကျေးရွာမှာ ပထမဆုံး ဖွင့်လှစ်ခဲ့တာဖြစ်ပြီး မူးယစ်ဆေးစွဲ လူနာ ၃၆ ယောက်ကို စခန်းသွင်းဆေးကုပေးသွားမှာဖြစ်ကာ သင်တန်းကာလမှာ ၁ လပိုင်း ၆ ရက်နေ့မှ ၂ လပိုင်း ၉ ရက်နေ့အထိ ၃၅ ကြာမြင့်မှာ ဖြစ်ကြောင်း သိရပါတယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013