DVB Logo
Home
မြန်မာသတင်း
၈ တန်းကျောင်းသူကို အဓမ္မပြုကျင့်ခဲ့သူအား ဖမ်းဆီးအမှုဖွင့်
DVB
·
January 7, 2018
၈ တန်းကျောင်းသူကို အဓမ္မပြုကျင့်ခဲ့သူအား ဖမ်းဆီးအမှုဖွင့်
Donate to DVB

သာစည်မြို့နယ် ပြင်ညောင်ရွာနေတဲ့ မိဘတွေနဲ့ စိတ်ဆိုးလာတဲ့ ၈ တန်းကျောင်းသူကို သွေးဆောင်ဖြားယောင်းကာ အဓမ္မပြုကျင့်တယ်လို့ ယူဆရသူကို ဇန်နဝါရီလ ၆ ရက်က ဖမ်းဆီးအမှုဖွင့်လိုက်တယ်လို့ သာစည်မြို့နယ် ယင်းမာပင်ရွာ ရဲစခန်းက တာဝန်ကျရဲအရာရှိက ပြောပါတယ်။

ဖြစ်စဉ်မှာ မိဘတွေနဲ့စိတ်ဆိုးပြီး အိမ်ကထွက်လာတဲ့ အသက် ၁၅ နှစ်ရှိ ၈ တန်းကျောင်းသူ မ---နဲ့ တရွာတည်း ရဲမင်းပိုင်တို့ အပါချီဘိလပ်မြေစက် လမ်းဆုံမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ တွေ့ကြတယ်၊ ကျောင်းသူရဲ့ ဦးလေးအိမ်ကို ဆိုင်ကယ်နဲ့ လိုက်ပို့ပေးမယ်ဆိုပြီး ခေါ်ဆောင်သွားကာ တောင်ကြီးဘက် နန်ပန်တက်ရွာအနီးက တောထဲမှာ အဓမ္မပြုကျင့်ခဲ့တာလို့ ယင်းမာပင်ရွာ ရဲစခန်း စခန်းမှူး ရဲအုပ်‎ကျော်မြင့်သိန်းက ပြောပါတယ်။

“ဖြစ်တာက လွန်ခဲ့တဲ့ ရက်တွေကပါ။ တရွာတည်းဆိုတော့ လူမှုရေးအရ ညှိနှိုင်းနေကြတယ်။ အဆင်မပြေကြတော့ ဒီနေ့ပဲ အမှုလာဖွင့်တယ်။ ကောင်းလေးက အိမ်ထောင်ရှိတယ်" လို့ပြောပါတယ်။

သာစည်မြို့နယ် ယင်းမာပင်ရွာရဲစခန်းမှာ ‎ရဲမင်းပိုင်အား အလိုမတူအဓမ္မပြုကျင့်မှု၊ ‎သွေးဆောင်ဖြားယောင်းမှု ရာဇသတ်ကြီး ‎ပုဒ်မ-၃၇၆/၃၆၆ နဲ့ ဖမ်းဆီး အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013