DVB Logo
Home
မြန်မာသတင်း
မန်းရွှေစက်တော်ဘုရားပွဲ တည်းခိုဆောင်တင်ဒါ ကျပ်သိန်း ၅၂၀၀ ကျော်ရရှိ
DVB
·
January 7, 2018
မန်းရွှေစက်တော်ဘုရားပွဲ တည်းခိုဆောင်တင်ဒါ ကျပ်သိန်း ၅၂၀၀ ကျော်ရရှိ
Donate to DVB

 

၂၀၁၈ ခုနှစ် မန်းရွှေစက်တော်ဘုရားပွဲ တည်းခိုဆောင် (၈၄) ဆောင် တင်ဒါချထားမှုက ရရှိငွေ ကျပ်ငွေသိန်းပေါင်း ၅၂၀၀ ကျော်ရရှိခဲ့တယ်လို့ မန်းရွှေစက်တော်ဂေါပကအဖွဲ့ဝင် ဦးမြင့်သိန်းက ပြောပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့က ၂၀၁၈ ခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်အတွက် တည်ခိုဆောင်တွေကို မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမမှာ တင်ဒါဖွင့်ပွဲ ကျင်းပခဲ့တာပါ။

တည်းခိုဆောင် ၈၄ ဆောင်ကို  သိန်းပေါင်း ၃၇၄၀ ကျပ်နဲ့ ကြမ်းခင်းဈေးသတ်မှတ်ခဲ့ပြီး တင်ဒါရရှိမှုက သိန်းပေါင်း ၅၂၀၀ ကျော်ရရှိခဲ့တာကြောင့် ကြမ်းခင်းဈေးထက် ကျပ်ငွေ သိန်းပေါင်း ၁၅၂၀ ကျော် ပိုရရှိခဲ့တယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။

တင်ဒါဖွင့်ပွဲမှာ တည်းခိုဆောင်ပေါင်း ၁၁၃ ဆောင်ထဲက ၈၄ ဆောင်ကို တင်ဒါလျှောက်ထားသူ ၂၄၅ ဦးက တင်ဒါဈေးပြိုင်စနစ်နဲ့ တင်ဒါဈေးနှုန်းအဆိုပြုလွှာတွေကို တင်ခဲ့ကြတာဖြစ်ပါတယ်။

ဒါကြောင့် တင်ဒါပစ်ရန်ကျန်နေသေးတဲ့ ၂၉ ဆောင်ကို Deposit သိန်း ၄၀ ထပ်မံပေး သွင်းဖို့ မလိုတော့ဘဲ လျှောက်လွှာအသစ်ကို နှစ်သိန်းနဲ့ဝယ်ယူပြီး ဇန်နဝါရီ ၈ ရက်နေ့ကနေ ၉ ရက်နေ့အထိ မင်းဘူးရွှေစက်တော်ဂေါပကရုံးမှာ လျှောက်ထားနိုင်တယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။

ဒါ့အပြင် တည်းခိုဆောင်တွေအနေနဲ့ ဂေါပကအဖွဲ့က ကြီးကြပ်သွားမယ့် အဆောင် ၃ ဆောင်၊ နမ္မဒါ ၁၊ ၂ က အဆောင်တွေနဲ့ ငွေသောင်ယံက တည်းခိုဆောင်တွေလည်း ရှိသေးတယ်လို့ ဂေါပကအဖွဲ့ကပြောပါတယ်။

တင်ဒါဖွင့်ပွဲမှာ မန်းရွှေစက်တော်၊ နာယကအဖွဲ့က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ ဒေါက်တာခင်မောင်အေးနဲ့ ဂေါပကအဖွဲ့က ဥက္ကဋ္ဌ ဦးသိန်းလှိုင်တို့နဲ့ ဂေါပကအဖွဲ့ဝင်တွေ တက်ရောက်ပြီး တင်ဒါဖွင့်ပွဲကို ဦးဆောင်ရှင်းလင်း ခဲ့ကြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013